ဖားကန့်မြို့နယ်တွင် အမည်မသိ အရာဝတ္ထုတစ်ခု ပြုတ်ကျလာ

ဖားကန့်မြို့နယ်တွင် အမည်မသိ အရာဝတ္ထုတစ်ခု ပြုတ်ကျလာ
(ဓာတ်ပုံ- လဝန်းငယ် ဖေ့စ်ဘွတ်)

နေပြည်တော်(နိုဝင်ဘာ ၁၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲက မြေကွက်လပ်တခုပေါ်ကို အရှည် ၁၃ပေလောက်ရှိတဲ့ အမည်မသိ အရာဝတ္ထုတခု ဒီကနေ့ မနက်ပိုင်းက ပြုတ်ကျလာတယ်လို့ ဖားကန့်မြို့နယ်အမှတ်(၂) ပြည်နယ်လွှတ်တော်အမတ် ဦးဒါရှီလာဆိုင်းက မဇ္ဈိမကို အတည်ပြု ပြောဆိုပါတယ်။

"သွားကြည့်တဲ့သူတွေပြောပြတဲ့အနေအထားကတော့ သူက အရှည်က ၁၃ပေနီးပါးရှိတယ်။ လုံးပတ်ကတော့ ၅ပေလောက်ရှိတယ်။ အခုကတော့ ဘာဆိုတာ အတည်မပြုနိုင်သေးဘူး။ အလုံးအရှည်ဆိုတော့ ခန့်မှန်းနေကြတာက ဂြိုလ်တုအစိတ်အပိုင်းတခုလိုလို၊ လေယာဉ်အစိတ်အပိုင်းတခုလိုလို ပြောနေကြတယ်" လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

ဒီအရာဝတ္ထုပြုတ်ကျလာတဲ့ မော်ဆီဇာကျေးရွာကို သွားရောက်နေပြီလို့လည်း သူက ဆိုပါတယ်။

ဒီအရာဝတ္တုနဲ့ပတ်သက်ပြီး လတ်တလောမှာ သက်ဆိုင်ရာ မြို့နယ် ထွေ/အုပ်နဲ့ ရဲစခန်းကိုတော့ မဇ္ဈိမက ဆက်သွယ်လို့ မရသေးပါဘူး။ သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြသွားပါမယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly