မလေးရှားတွင် မြန်မာနိုင်ငံသား ၃ ဦး အဆိပ်မိ၍ သေဆုံး

မလေးရှားတွင် မြန်မာနိုင်ငံသား ၃ ဦး အဆိပ်မိ၍ သေဆုံး

မလေးရှားနိုင်ငံ ပါဟန်ပြည်နယ် ရွမ်ပင်းခရိုင်ရှိ စီမံကိန်းဆိုက်တခုက အခန်းငယ်တွင် အင်္ဂါနေ့က သေဆုံးလျက် တွေ့ရှိသည့် မြန်မာနိုင်ငံသား သုံးဦးသည် အဆိပ်ကြောင့် သေဆုံးရခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ရဲက ပြောသည်။

ထိုနေ့က ညနေ ၃ နာရီ ၁၅ မိနစ်တွင် အသက် ၂၁ နှစ်မှ ၃၃ နှစ်ကြား မြန်မာနိုင်ငံသားများ၏ သတင်းကို ရဲက ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပါဟန်ပြည်နယ် ရဲချုပ် ဒါတက်ဆီရီယာဟာယာအော့မန်းက ပြောသည်။

“ဘေးပတ်ဝန်းကျင်နဲ့ ရုပ်အလောင်းတွေကို ကနဦး စစ်ဆေးချက်အရ ရာဇဝတ်မှုနဲ့ သက်ဆိုင်တာမျိုး မတွေ့ရဘူး”ဟု Bernama သတင်းဌာနက ယမန်နေ့ည၌ ဆက်သွယ်မေးမြန်းမှုကို ၎င်းက ဖြေဆိုသည်။

ရွမ်ပင်းဆေးရုံက အလောင်းခွဲစိတ်စစ်ဆေးမှုကို ယနေ့တွင် အပြီးသတ်ပြီး သေဆုံးသူများသည် အဆိပ်ကြောင့် သေဆုံးရသည်ကို တွေ့ရှိသော်လည်း ဓာတုဗေဒ စစ်ဆေးမှု အစီရင်ခံစာကို စောင့်ဆိုင်းလျက် ရှိသည်ဟု ပြည်နယ်ရဲချုပ်က ဆိုသည်။

အမှုမှာ လောလောဆယ်၌ ရုတ်တရက် သေဆုံးခြင်းဖြစ်၍ ရဲအရေးပိုင်အဖြစ် ရှိနေကြောင်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly