၁၀၂၇စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ကာလုံအစည်းအဝေးက စစ်ကောင်စီရဲ့ စွပ်စွဲပြောဆိုမှုတွေကို MNDAA တုံ့ပြန်(ရုပ်သံ)

By မိုးသောက် (မဇ္ဈိမ)
09 November 2023
၁၀၂၇စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ကာလုံအစည်းအဝေးက စစ်ကောင်စီရဲ့ စွပ်စွဲပြောဆိုမှုတွေကို MNDAA တုံ့ပြန်(ရုပ်သံ)

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သီတင်းနှစ်ပတ်အကြာမှာ စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို  နိုဝင်ဘာ ၈ ရက်နေ့လယ်ပိုင်းက နေပြည်တော်ရှိ  စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ခေါ်ယူကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က  ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင်ဦးဆောင်တဲ့ MNDAA အဖွဲ့က လောက်ကိုင်ဒေသနှင့်  ချင်းရွှေဟော်ကို အဓိကထားပြီး ဩဇာအာဏာပြန်တည်ဆောက်ဖို့အတွက်တိုက်ခိုက်တာလို့ ပြောခဲ့ပါတယ်။

မူးယစ်ဆေးဝါးအကျိုးအမြတ်ရရှိမှုတွေ အွန်လိုင်းလောင်းကစားဝိုင်းတွေကရတဲ့ အကျိုးအမြတ်တွေကြောင့်လို့လည်း စွပ်စွဲပြောဆိုခဲ့တာ ရှိပါတယ်။ ဒီလိုစွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်နိုင်(ခ)လီကျားဝင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

ရုပ်သံ တည်းဖြတ်/မိုးသောက်
စာတည်း- သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required