ရန်ကုန်တွင် ညအချိန် အပြင်ထွက်သည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်

By ဂန္ဒမာ (မဇ္ဈိမ)
15 November 2023
ရန်ကုန်တွင် ညအချိန် အပြင်ထွက်သည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်
ပုံအညွှန်း - ရန်ကုန်ရှိ မြို့နယ်တစ်ခု၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ဧည့်စစ် ဖမ်းဆီးမှုများပြုလုပ်နေပုံ(ပုံဟောင်း)

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ ညအချိန် အပြင်ထွက်သောလူငယ်များကို ပစ်မှတ်ထားကာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေကြောင်း မြေပြင်ကင်းထောက်များ၊ ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဖမ်းဆီးမှုများကို ည ၁၀ နာရီဝန်းကျင်၌ စတင်ပြုလုပ်တတ်ပြီး ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းများသို့ ခေါ်ဆောင်သွားကာ ငွေကြေးတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။ 

“ဖမ်းဆီးသွားပြီးနောက်မှာ စခန်းခေါ်ပြီး ငွေပေးဖို့ ညှိနှိုင်းပါတယ်။ စခန်းမှူး(အလှည့်ကျရဲအုပ်)၊ စစ်တပ် က ပိုက်ဆံ ၁၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ တောင်းတာမျိုးရှိသလို ၁,၀၀၀,၀၀၀ အထိ ဖြစ်သွားတာ မျိုးတွေလည်း ကြားရပါတယ်။ တော်လှန်ရေးနဲ့နီးစပ်တဲ့ ပုံတွေ၊ စာတွေ တွေ့ရင် ကြေးပိုမြင့်သွားတယ်” ဟု ကမာရွက်မြို့နယ် မြေပြင်ကင်းထောက်တဦးက ဆိုသည်။ 

အလားတူ စမ်းချောင်းမြို့နယ်တွင်လည်း အဆောင်အချို့ကို ဧည့်စာရင်းစစ်ပြီး လူငယ်များအား ဖမ်းဆီး သွားခြင်းများလည်းရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“စမ်းချောင်း မုန့်မြောက်ဘက်မှာ အဆောင်တချို့ကိုဧည့်စာရင်းစစ်ပြီး လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ အခြားရပ်ကွက်တခုမှာလည်း ညဘက် အလုပ်ကပြန်လာတဲ့ လူငယ်အမျိုးသမီး အချို့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်။ အိမ်ကသိလို့ ပိုက်ဆံနဲ့လိုက်ရွေးပြီး လွတ် လာတဲ့ လူငယ်တချို့ရှိသလို ဘယ်သူမှမသိဘဲ လုံးဝ သတင်းအစအန ပျောက်သွားတာမျိုးတွေလည်း ရှိပါ တယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌ ကိုပီတာကြီးက မဇ္ဈိမကို ပြောသည်။ 

စမ်းချောင်းမြို့နယ်နှင့်ကပ်လျက်ရှိသည့် ကမာရွတ်မြို့နယ် လှည်းတန်းဘူတာ ဧရိယာတွင်လည်း ညဘက် အချိန်၌ စစ်ကောင်စီလက်နက်ကိုင်များက အယောင်ပြ ပတ်ကင်းထွက်ခွာ၍ တဖက်မှ ပြန်စောင့်ဖမ်းခြင်း မျိုးရှိကြောင်း ကမာရွတ်ကင်းထောက်က အသိပေးသည်။

ရွှေပြည်သာမြို့နယ်တွင်လည်း ယခု နိုဝင်ဘာလအတွင်း ထ/၁၆ ရပ်ကွက်၊ အောင်ဇေယျ (၇) လမ်းထိပ်၌ လူငယ်ခုနစ်ဦး လူစုအရက်သောက်ခြင်းကြောင့် စစ်ကားဖြင့် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
“အောက်ဂိတ် ရဲစခန်းကိုခေါ်သွားတာ၊ အဲဒီမှာထုထောင်းခံရသေးတယ်။ ညတွင်းချင်းပြန်ရွေးရင် ၃၀,၀၀၀၊ နောက်နေ့မှရွေးတာက ၁၈၀,၀၀၀ တဲ့” ဟု ဒေသခံတဦး၏ပြောကြားချက်ကို SPT Information က ဖော်ပြထားသည်။

စစ်ကောင်စီတပ်အတွင်း၌ စစ်သားအင်အားလိုအပ်ချက်မြင့်မားလာသဖြင့် ရန်ကုန်၌ လူငယ်များကို ပစ် မှတ်ထားကာ လိုက်လံဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်နေရသဖြင့် ညဘက် အပြင်ထွက် ခြင်း၊ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသောနေရာများကို ရှောင်ကြဉ်ရန် တော်လှန်ရေးအင်အားစုများ က ပြောသည်။

လူငယ်များအား ဖမ်းဆီးငွေညှစ်မှုဖြစ်စဉ်များသည် ရန်ကုန်ရှိနယ်တွင်းများ ယခင်ကထက် ပိုမိုဖြစ်ပွားနေ ၍ စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများအတွက် တဖက်တလမ်းမှ ငွေရပေါက်လမ်းကြောင်းအဖြစ် အားပေးကူညီရာမရောက်အောင် အသွားအလာဂရုစိုက်ကြရန်နှင့် တော်လှန်ရေးအရွေ့အတိုင်း တော်လှန် ရေးအသိရှိကြပါရန် ရန်ကုန်ရှိ မြေပြင်ကင်းထောက်များက အသိပေးထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required