ရန်ကုန်တွင် "၁၁၁၁" အောင်သပြေလှုပ်ရှားမှု အကြိုပြုလုပ်

By မိုးသောက် (မဇ္ဈိမ)
10 November 2023
ရန်ကုန်တွင် "၁၁၁၁" အောင်သပြေလှုပ်ရှားမှု အကြိုပြုလုပ်

ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်တော်လှန်ရေးအင်အားစုများက ပြည်သူများကို "၁၁၁၁" လှုပ်ရှားမှုတွင် ပါဝင်နိုင်ရန်အတွက် အကြိုနှိုးဆော်မှုများကို ဒီကနေ့တွင် ပြုလုပ်ခဲ့သည်။

စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံသည့်အနေဖြင့် ပြုလုပ်သည့် “၁၁၁၁” အောင်သပြေလှုပ်ရှားမှုအကြိုအဖြစ် အောင်သပြေပန်းများနှင့် အခြေခံအစားအသောက်များကို ရန်ကုန်တွင်ရှိသည့် ဈေးများနှင့် လူနေရပ်ကွက်များတွင် လိုက်လံဝေငှခဲ့သည်ဟု သိရသည်။

" ၁၀၂၇စစ်ဆင်ရေးကို ကျနော်တို့က ဒီထက်ဒီထက်မက အခုလိုမျိုးပဲ တစတစနဲ့ အောင်မြင်လာတဲ့စစ်ဆင်ရေးကို အောင်ပွဲတွေအလီလီကို အောင်သပြေပန်များနဲ့ အောင်နိမိတ်နဲ့ စတင်ကြိုဆိုကြမှာဖြစ်တယ်။ ကျနော်တို့ ကြိုဆိုကြတဲ့ အချိန်မှာလည်း တစ်(တ)လေးလုံး လှုပ်ရှားမှုကြီးကို ပထမတရက် ၁၀ ရက်နေ့မှာလည်း ကြိုကမ်ပိန်းတွေ လုပ်ကြတယ်။" ဟု အဆိုပါ အကြိုလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တဦးက ဆိုသည်။

နိုဝင်ဘာလ ၁၁ရက်နေ့တွင် တလှိုင်းပြီးတလှိုင်းလာမည်ဆိုသည့် တော်လှန်ရေးကို သောင်းသောင်းဖျဖျကြိုဆိုသည့်အနေဖြင့် အောင်သပြေပန်းများနှင့် ရောက်သည့်နေရာတွင် ကြိုဆိုကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required