TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မြင်ကွင်းများ

By 009 (မဇ္ဈိမ)
10 November 2023
TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မြင်ကွင်းများ
ဓာတ်ပုံ - ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နမ့်ခမ်းမြို့ပေါ် မြင်ကွင်းများ/ (Photo- Mizzima)

၁၀၂၇ စစ်ဆင်ရေးအဖြစ် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ နမ့်ခမ်းမြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

နမ့်ခမ်းမြို့နယ်မှာ မြို့နှင့် ၁ မိုင်ခန့်အကွာမှာရှိသည့် စစ်ကောင်စီ (စခန်းသစ်)တပ်စခန်းတခုသာ ကျန်ရှိတော့ပြီး TNLAက ထိုစခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေသကဲ့သို့ မြို့ ပတ်လည်လည်မှာ လုံခြုံရေးဂိတ်များ ချထားပြီး မြို့ကို ထိန်းချုပ်ထားသည်။

စစ်ကောင်စီဘက်က တိုက်ပွဲအတွင်းမှာ မြို့လယ်ခေါင်ဘုရားကျောင်းနှင့် အရပ်သားများ၏ နေအိမ်များတွင် တပ်စွဲခုခံခဲ့ခြင်းကြောင့် မြို့ခံများသည် နီးစပ်ရာ ဆွေမျိုး၊ တရုတ်ပြည်ထဲ ရေကြောင်းနှင့် ချောင်းကူးပြီး သွားရောက်ခိုလှုံခဲ့ကြရသည်။ 

ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ တိုက်ပွဲများ ငြိမ်သက်နေခြင်းကြောင့် မြို့ခံများသည်နေရပ်ပြန်ကြပြီး မြို့ပေါ် မြို့မစျေးအနီးမှာ စီစီကားကားနှင့် ကုန်အရောင်းအဝယ်တွေ ပြုလုပ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required