ဘုရားသုံးဆူတွင် ၁၁၁၁ အောင်သပြေသပိတ် ပြုလုပ်

By YT (မဇ္ဈိမ)
11 November 2023
ဘုရားသုံးဆူတွင် ၁၁၁၁ အောင်သပြေသပိတ် ပြုလုပ်
ဓါတ်ပုံ- ဘုရားသုံးဆူ လူထုအထွေထွေ သပိတ်အင်အားစု

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ဘုရားသုံးဆူ လူထု အထွေထွေသပိတ်အင်အားစု လူငယ်များ ဦးဆောင်၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် "၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှု" သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

" ရှမ်းမြောက်ဘက်ခြမ်းမှာ ကနေတဲ့ ၁၀၂၇ စစ်ဆင်ရေးတွေကို ထောက်ခံကြိုဆိုကြောင်းနဲ့ ၁၀၂၇ လှုပ်ရှားမှုတွေကနေ မြန်မာတနိုင်ငံလုံးကို အောင်ပွဲတွေ ရသည်အထိ တော်လှန်ရေးအရှိန်မြင့်တင်ကြဖို့ရန်နဲ့ အကြမ်းဖက်စစ်တပ်အောက်မှာ အလုပ်လုပ်နေတဲ့ တပ်မတော်သားများအနေနဲ့လည်း အမြန်ဆုံး ဖက်ဆစ် စစ်တပ် အရိပ်ကို မခိုတော့ဘဲနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့ အမြန်ဆုံး CDM လုပ်ကြဖို့ ဖိတ်ခေါ်တဲ့ သပိတ်လည်းဖြစ်ပါတယ်" ဟု သပိတ်အင်အားစု ခေါင်းဆောင်တဦးက မဇ္ဈိမကိုပြောသည်။

၁၀၂၇ စစ်ဆင်ရေးများအား ထောက်ခံကြိုဆိုခြင်း၊ အောင်ပွဲဖြင့် ပြန်လာမည့် ရဲဘော်များအား အောင်သပြေဖြင့် ကြိုဆိုခြင်း ၊  စစ်ကောင်စီဝန်ထမ်းများ CDM ပြုလုပ်ရန် လှုံ့ဆော်လိုခြင်း ရည်ရွယ်ချက်ဖြင့် လူထုသပိတ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly