လာမည့်နှစ်များအတွင်း ထိုင်ဝမ်ကို စစ်ရေးအရတိုက်ခိုက်ရန် အစီအစဉ်မရှိသေးကြောင်း တရုတ် သမ္မတ ပြောကြား

လာမည့်နှစ်များအတွင်း ထိုင်ဝမ်ကို စစ်ရေးအရတိုက်ခိုက်ရန် အစီအစဉ်မရှိသေးကြောင်း တရုတ် သမ္မတ ပြောကြား

ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီပွားရေး ပူးပေါင်းဆောင်ရွက်ရေး(APEC) ထိပ်သီး အစည်းအဝေး၏ သီးခြားအစည်းအဝေးတွင် လာမည့်နှစ်များအတွင်း ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အား တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၅ရက်က ပြောကြားခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြား လိုက်သည်။ 

အင်အားသုံးနိုင်ခြေများနှင့် ထိုင်ဝမ်၏ ကံကြမ္မာသည် အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း ငြင်းခုံနေချိန်တွင် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်မည်ဟု မျှော်လင့် ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 

တရုတ်သမ္မတက လက်ရှိအခြေအနေကို ထိန်းထားပြီး ထိုင်ဝမ်ရွေးကောက်ပွဲကို လေးစားလိုက်နာခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်ကြောင်း သမ္မတဘိုင်ဒန်က ပြောကြားခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အမေရိကန်က ကတိကဝတ်ပြုထားကြောင်း ဘိုင်ဒန်က တုံ့ပြန်ခဲ့သည်ဟု အမေရိကန်အစိုးရ အကြီးတန်း အရာရှိက ပြောကြားခဲ့သည်။ 

ထိုင်ဝမ်ရွေးကောက်ပွဲကို တရုတ်က လုံးဝဝင်ရောက်စွက်ဖက်ခြင်းမပြုရန် မျှော်လင့်ထားကြောင်း တရုတ် ခေါင်းဆောင်ကို ပြောကြားခဲ့ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကို ယုံကြည်သော်လည်း စိစစ်သုံးသပ်ရဦး မည် ဖြစ်ကြောင်း ဘိုင်ဒန်က ထပ်လောင်း ဖော်ပြခဲ့သည်။

"အရင် သမ္မတနဲ့ ကျွန်တော် သမ္မတဖြစ်လာပြီးကတည်းက ပြောခဲ့တာတွေကို ထပ်လောင်းပြောရမယ်ဆိုရင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကျွန်တော်တို့ ဆက်လက်ထိန်းထားပါတယ်" ဟု ဘိုင်ဒန်က အစည်းအဝေး အပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

“အဲဒါကို ကျွန်တော်က ပြောင်းလဲမှာမဟုတ်ပါဘူး။ အဲဒီအချက်က ပြောင်းလဲမှာ မဟုတ်ပါဘူး။”

အမေရိကန်နှင့် တရုတ်တို့က ထိပ်သီးစည်းဝေးပွဲအတွင်း အခြားသတင်းများကို ထုတ်ပြန်ခဲ့ပြီး၊ အစွမ်းထက် သော ဓာတုမူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဖန်တနယ်လ် (fentanyl) ထုတ်လုပ်မှုကို နှိမ်နင်းရေးအတွက် နိုင်ငံများက ပူးပေါင်းဆောင်ရွက်ကြရန် ဦးဆောင်တောင်းဆိုခဲ့ကြသည်။

အဆိုပါ ကြိုးပမ်းမှုသည် လက်တင်အမေရိက မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို အချိန်အတိုင်းအတာ တစ်ခုအထိ အထိနာစေမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ အကြီးတန်းအရာရှိက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ 

၂၀၂၂ခုနှစ်က အမေရိကန်တွင် မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူ ၁၀၇၀၈၁ ဦး၏ ၆၈ ရာခိုင် နှုန်းသည် ဓာတုမူးယစ်ဆေးကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ဖန်တနယ်လ်ကြောင့်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာများက ဖော်ပြခဲ့သည်။ 

သို့သော် အရာအားလုံး တိုးတက်ဖွံ့ဖြိုးတိုးတက်စေမှုမှာ သံတမန်အဆင့်တွင်သာ ဖြစ်နိုင်သည်။ 

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ၂၀၂၂ခုနှစ် ဩဂုတ်လ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် ရပ်ဆိုင်းသွားခဲ့သည့် စစ်ဘက်ရေးရာ ဆက်ဆံမှုများကို သက်ဆိုင်ရာ ကာကွယ်ရေးဌာနများက ပြန်လည်စတင်ရန် နှစ်နိ်ုင်စလုံးက သဘောတူညီခဲ့ကြသည်။ 

ယင်းတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်သမ္မတက ခန့်အပ်ခြင်းမပြုရသေးသည့် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် တိုက်ရိုက်စကားပြောနိုင်မှုများနှင့် နှစ်ဘက်လုံးမှ ထိပ်တန်းတပ်မှူးများ ပါဝင်သ ည့် အခြားတွေ့ဆုံမှုများလည်း ပါဝင်မည်ဖြစ်သည်။

ဖလော်ရီဒါရှိ မာအေလာဂိုအပန်းဖြေစခန်းတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ၂၀၁၇ခုနှစ်က တွေ့ဆုံပြီး နောက်ပိုင်း ယခုအေပက်အစည်းအဝေးခရီးစဉ်မှာ တရုတ်သမ္မတ၏ ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required