လောက်ကိုင်နဲ့ချင်းရွှေဟော်ကြား ပိတ်မိနေတဲ့  စစ်ရှောင် ၃,၀၀၀ ကျော်ကို MNDAA ဘေးလွတ်ရာသို့ပို့

By ရွှေနွယ်( မဇ္ဈိမ )
10 November 2023
လောက်ကိုင်နဲ့ချင်းရွှေဟော်ကြား ပိတ်မိနေတဲ့  စစ်ရှောင် ၃,၀၀၀ ကျော်ကို MNDAA ဘေးလွတ်ရာသို့ပို့

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့ကြားမှာရှိတဲ့  ပါစင်ကျော်ကျေးရွာအနီးမှာ ခြောက်ရက်နီးပါးပိတ်မိနေခဲ့တဲ့ စစ်ရှောင်ဦးရေ၃,၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးလိုက်တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

ဒီက‌နေ့ညပိုင်း ရရှိထားတဲ့သတင်းတွေအရ လောက်ကိုင်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး ပိတ်မိနေတဲ့ပြည်သူတွေလည်း ကျန်ရှိနေပါသေးတယ်။

ရုပ်သံတည်းဖြတ် − ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required