ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

By KMN(မဇ္ဈိမ)
12 November 2023
ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ပုံအညွှန်း - Kanbalu Underground Warriors အဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များ(Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူအခြေစိုက် စစ်ကောင်စီ၏ ၆၀၀၆ အမြောက်တပ်ရင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့က ၁၀၇ မမ ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့ရဲဘော်တဦးက မဇ္ဈိမကို ပြောကြားသည်။

၆၀၀၆ အမြောက်တပ်ရင်းအား နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင်  Kanbalu Underground Warriors အဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့မှ ၁၀၇ မမ ရှော့ဒုံးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး နိုဝင်ဘာ လ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့ကမနက် ၁၀ နာရီလောက်မှာ ၁၀၇ မမ ရှော့ဒုံးတွေနဲ့ သွားပစ်ခဲ့တာ။ ဒီနေ့အထိတော့ သူတို့ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲပါ” ဟု  Kanbalu Underground Warriors အဖွဲ့မှ ရဲဘော်ကဆိုသည်။

ပုံအညွှန်း - Kanbalu Underground Warriors အဖွဲ့နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များ(Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

နိုဝင်ဘာလ ၁၁ ရက်နေ့ပစ်ခတ်မှုတွင် ၆၀၀၆ အမြောက်တပ်ရင်း ဘောလုံးကွင်းအနီးသို့ ကျရောက်ကာ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ထွက်ပြေးခဲ့ကြသည်ကိုတွေ့ရပြီး ထိခိုက်သေဆုံးမှုကို ဆက် လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ဒေသခံတဦးကလည်း  ပြောသည်။

ကန့်ဘလူမြို့အခြေစိုက် စစ်ကောင်စီ၏ ၆၀၀၆ အမြောက်တပ်ရင်းသည် အနီးအနားရှိပြည်သူများ နေထိုင် ရာနေရာများအား နိုဝင်ဘာလ ၁၁ ရက်နေ့ ညကတကြိမ်၊ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသန်ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေ ခြင်းကို တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Kanbalu Underground Warriors အဖွဲ့ရဲဘော်ကဆိုသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required