BREAKING NEWS စစ်ကောင်စီတပ် ဂျက်တိုက်လေယာဉ်မှူးကို ဖမ်းဆီးရမိ

BREAKING NEWS စစ်ကောင်စီတပ် ဂျက်တိုက်လေယာဉ်မှူးကို ဖမ်းဆီးရမိ
ဓာတ်ပုံ- နိုဝင်ဘာ ၁၁ ရက်နေ့က ပျက်ကျခဲ့သော စစ်ကောင်စီတပ်ဂျက်တိုက်လေယာဉ်

ကရင်နီပြည်နယ်အတွင်း ပျက်ကျခဲ့သော ဂျက်တိုက်လေယာဉ်မှ လေယာဉ်မှူးတဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ယုံကြည်စိတ်ချရသောသတင်းအရင်းအမြစ်များအရသိရသည်။

တောင်ယာအတွင်း လူစိမ်းတယောက်ရောက်နေသည်ကို ကျေးရွာသားများကတွေ့ရှိပြီးနောက် ဖမ်းဆီးစစ်ဆေးရာတွင် နိုဝင်ဘာ ၁၁ ရက်နေ့က လွိုင်ကော်အနီးတိုက်ပွဲများတွင် လေကြောင်းမှတိုက်ခိုက်မှုပြုနေခဲ့သော K-8 ဂျက်တိုက်လေယာဉ်၏ လေသူရဲဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်။

" တောင်ယာမှာ ဗိုက်ဆာလို့ လာတောင်းစားတော့ မသင်္ကာတာကနေ ဖမ်းမိတာ" ဟု မဇ္ဈိမ၏စစ်မြေပြင်သတင်းထောက်က ပြောသည်။

အဆိုပါလေယာဉ်မှူးကို လုံခြုံစိတ်ချရသောနေရာသို့ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
လေယာဉ်မှူးနှစ်ဦးမှာ လေထီးဖြင့် မတူသောဒေသသို့ခုန်ဆင်းခဲ့ကြခြင်းဖြစ်သည်ဟု ကျန်တဦးကတော့ လွတ်မြောက်နေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly