ခင်ဦးတွင် လက်နက်နှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

By 008 (မဇ္ဈိမ)
20 November 2023
ခင်ဦးတွင် လက်နက်နှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်
ဓါတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် တပ်သား တဦးကို နိုဝင်ဘာ ၂၀ရက်၊မွန်းလွဲ ၁နာရီတွင် ခင်ဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ် သိန်း ၅၀ ချီးမြှင့်‌ေကြာင်း သိရသည်။

အဆိုပါ တပ်သားသည် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပြီး နိုဝင်ဘာ ၁၄ရက်တွင် MA1 အမျိုးအစား လက်နက် တ လက်၊ ကျည်ဘောက် သုံး ဘောက်၊ 5.56 ကျည် ၂၃၆ တောင့်တို့နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

"အလင်းဝင်ရောက်လာမှုကို ကျွန်တော်တို့ မြို့နယ် ပကဖ က လက်ခံပြီး ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ သက်ဆိုင်ရာဌာနကို မှတ်တမ်း ဓာတ်ပုံတွေနဲ့အတူ တင်ပြထားပြီး ဒီနေ့မှာ ခင်ဦးမြို့နယ် ပကဖ က ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပါတယ်ခဗျာ"ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံး အလင်းဝင်ကြရန် နိုးဆော်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required