နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၅ နိုဝင်ဘာ၂၀၂၃)

By မဇ္ဈိမ 
15 November 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၅ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
လက်ရှိတော်လှန်ရေး၏ အရှိန်အဟုန်အရ စစ်ကောင်စီသည် အခြေအနေမကောင်းတော့သဖြင့် ပဇီကြီး၊ အနန့်ပါ၊ မုန်လိုင်ခတ် ဖြစ်စဉ်များကဲ့သို့ အရပ်သားပြည်သူများကို အဓိက ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာနိုင်သည်ကို ခန့်မှန်းနိုင်ပါကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါးလရှီးလက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ အတွက်ကိုလည်း အရေးပေါ်လူသားချင်း စာနာမှု အကူအညီအနေဖြင့် ငွေကျပ်သိန်း (၂၀၀)ကျော် ထောက်ပံ့ထားပြီးဖြစ်သည်ဟု သိရပါ ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ်အတွင်း မြောင်မြို့တိုက်ပွဲ၌ ကျဆုံးသွားသည့် ရဲဘော် ၆ ဦး နှင့် ထိခိုက်ဒဏ်ရာရ ပြည်သူ ၁၂ ဦးကို မြိုနယ်အခွန်ရရှိငွေများထဲမှ ထောက်ပံ့ပေးအပ်မှု များ ပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်ကောင်စီ၏ ဒုတပ်ကြပ် ရဲမေတစ်ဦးအား PDFများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းရဲစခန်းအနီး နေထိုင်ကြသူများ ရွှေ့ပြောင်းပေးကြရန် Mingun People DefenceForce အဖွဲ့က အသိပေးကြေညာသည်။
မြိတ်မြို့နယ်၊ မွေ့ရှောင်ကျေးရွာအနီး အင်အား၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ကို ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်နှင့် သမိုင်းလမ်းဆုံ တို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
ချင်းပြည်နယ်၊ ပလက်ဝခရိုင်မှာအတွင်းမှာရှိသည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ် တပ် ၊ ရဲ ၊ ဝန်ထမ်းများအနေဖြင့် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီ၊(CDF-Paletawa) ချင်းလဲန်း ကာကွယ် ရေးတပ်ဖွဲ့ (ပလက်ဝ) ၏ တပ်ရင်း၊တပ်ဖွဲ့များဖြင့် ဆက်သွယ်ပြီး CDM ပြုလုပ် အလင်းဝင်ရောက်ရန် ထုတ်ပြန် ထားသည်။
ရှမ်းပြည်မြောက်ပိုင်း ၊ မန်အောင်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ စုပေါင်းအကောင်အထည် ဖော်ဆောင်သည့် ၁၀၂၇စစ်ဆင်ရေး အရေးပေါ်ကာလ အခြေအနေ တွင် ပြည်သူများ လုံခြုံရေးနှင့် စစ်ဘေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် လိုက်နာရမည့် စည်းမျဥ်း၊ စည်းကမ်းများကို PSLF/TNLA က ထုတ်ပြန်လိုက်သည်။
၁၁.၁၁ စစ်ဆင်ရေး" တတိယနေ့ နှင့် စတုတ္ထနေ့တိုက်ပွဲ၌ KNDFဆီကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံလာကြောင့် ထုတ်ပြန်ထားသည်။
11.11 စစ်ဆင်ရေးစတင်ချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းကိုခံရသည့် လွိုင်ကော် တက္ကသိုလ်က Non-CDM ဝန်ထမ်း ၁၃၄ ဦး နှင့် ၎င်းတို့၏ မိသားစုဝင် ၆၄ ဦးကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံက ဘေးလွတ်ရာကို ကယ်တင်ခေါ်ထုတ်ပေးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်အသိပေးသည်။
ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တည်ဆောက်ရေး ဖော်ဆောင်နိုင်ရန် အတွက် လွိုင်ကော်မြို့က အကြမ်းဖက် စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရမည်ဟု ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူး က ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာအနီးတွင် လက်နက်ချအညံ့ခြင်းမရှိ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ရှင်းလင်းခဲ့ရာ ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အချို့ ရှိခဲ့ ကြောင်း ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီ
ချင်းပြည်နယ်ရှိ စစ်တပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး အနက် ၄၀ ဦးကို ယခုအခါ မြန်မာစစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယ တာဝန် ရှိသူတဦးက ပြောသည်။
စခန်းများ တိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ် ဝင်ပေါက်၊ထွက်ပေါက်များကို ပိတ်ထားသည့် စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော်(AA)ဘက်မှ ညှိနှိုင်းမှုမလုပ်မချင်း လမ်းများပိတ်ထားမည်ဟု ဒေသခံများနှင့် ခရီးသွားများကိုခြိမ်းခြောက်နေကြောင်း ​ဒေသခံများက ​ပြောသည်။
ပြည်တွင်း SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ထိ လုပ်ငန်း ရှင်များကို ကျပ် ၄၇၇ ဘီလီယံကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် ပြည်ထဲရေးဝန်ကြီးနှင့် တရုတ် သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုးသည် အရင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ ၂ ဘီလီယံကျော်ထိ လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။
နိုဝင်ဘာ ၁၅ သုံးသပ်ချက်
စစ်ကောင်စီတပ်သားများသည် တိုင်းရင်းသာလက်နက်ကိုင်တပ်များနှင့်တွေ့သည့်အခါ အဖမ်းခံမှုနှင့် သေဆုံးမှုများ များပြားနေသည့်အတွက် တိုက်ပွဲမဖြစ်မီ အလင်းဝင်ကြရန် တော်လှန်ရေးအင်အားစု အသီးသီးက ထုတ်ပြန် သတိပေးထားသည်ကိုတွေ့ရသည်။
တရုတ်နယ်စပ်တစ်လျှောက် စစ်ကောင်စီမြို့များစခန်းများ အသိမ်းခံရပြီးနောက် မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံနေသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required