လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
15 November 2023
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီ‌အရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ အခြေခံစီးပွားရေးထောက်တိုင်များကို ပြည်သူလူထု အားနှင့် ဆန့်ကျင်ဖြိုချကြရန်၊ ပြည်သူ့ဘဏ္ဍာရေးစနစ် တည်ဆောက်ကြရန် တိုက်တွန်းလှုံ့ဆော်သည့် အနေဖြင့် “ဖက်ဆစ်ဝင်ငွေဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာတည်ဆောက်” စာတန်းကိုင်ဆောင်ပြီး လှုပ်ရှားခဲ့ ကြကြောင်း သိရသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required