“ငါတို့သံအမတ် ငါတို့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံ သပိတ်

By ပါခွီး(မဇ္စျိမ)
17 September 2023
“ငါတို့သံအမတ် ငါတို့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံ သပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice ဆိုသည့် စာတမ်း ကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ ကြောင်း သိရသည်။

ပြည်သူ့အစိုးရ NUG နှင့် အမတ်ကြီးဦးကျော်မိုးထွန်း တရားဝင်မှုအရေးတိုက်ပွဲကို ပြည်သူအားလုံး အတူ တကွ ဝိုင်းဝန်းတိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

ယင်းမာပင်မြို့နယ်နှင့် ဆာလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၉ ရက် မြောက် ချီတက်ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required