မြန်မာ့အရေးကို ICC လွှဲပေးဖို့ပြောနေချိန် စစ်ခေါင်းဆောင်က NCAနှစ်ပတ်လည်လုပ်ဖို့ခြေလှမ်းပြင်နေ

By မဇ္ဈိမ 
04 October 2023
မြန်မာ့အရေးကို ICC လွှဲပေးဖို့ပြောနေချိန် စစ်ခေါင်းဆောင်က NCAနှစ်ပတ်လည်လုပ်ဖို့ခြေလှမ်းပြင်နေ

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) လွှဲပြောင်းပေးဖို့ တောင်းဆိုမှု တွေလုပ်နေချိန်မှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင်က NCAနှစ်ပတ်လည်အခမ်းအနားလုပ်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေကို စည်းရုံးနေခဲ့တာ တွေ့ရပါတယ်။ 

စက်တင်ဘာ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက်ညီလာခံမှာ ကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာ့အရေးကို ICC ထံလွှဲပြောင်းပေးဖို့ တောင်း ဆိုလိုက်တာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required