ကမ္ဘာ့သတင်းအကြောင်းအရာများတွင် တရုတ်၏ ခြယ်လှယ်ခြင်းက လွတ်လပ်မှုကို ခြိမ်းခြောက်ကြောင်း အမေရိကန်ပြော

By ALJAZEERA
01 October 2023
ကမ္ဘာ့သတင်းအကြောင်းအရာများတွင် တရုတ်၏ ခြယ်လှယ်ခြင်းက လွတ်လပ်မှုကို ခြိမ်းခြောက်ကြောင်း အမေရိကန်ပြော

တရုတ်အစိုးရသည် သတင်းအချက်အလက်များကို လွှမ်းမိုးမှု၊ ဆင်ဆာဖြတ်တောက်မှုနှင့် မဟုတ်မမှန် လုပ်ကြံမှုများမှ တစ်ဆင့် ၎င်းတို့အပေါ် ထားရှိသော သဘောထားအမြင်များကို ပုံဖော်ရန် တစ်နှစ်လျှင် ဒေါ်လာဘီလီယံနှင့် ချီ၍ သုံးစွဲနေသော  လှုပ်ရှားမှုကြီး တစ်ခု ကို လုပ်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန် က ပြောကြားသည်။

“တရုတ် က ၎င်း၏ ဝါဒဖြန့်မှုကို မြှင့်တင်ကာ ဆင်ဆာဖြတ်တောက်မှုနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို အထောက်အကူပေးသည့် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ဒေါ်လာဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထား” ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၈ က ပြောဆိုကြောင်း Global Engagement Center က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ သတင်းအချက်အလတ် ပတ်ဝန်းကျင်ကို သြဇာလွှမ်းမိုးရန် ကြိုးစားခြင်းနှင့် “၎င်း၏ အကျိုးစီးပွားအတွက် ဆွဲဆောင်သိမ်းသွင်းရန်” “လှည့်ဖြားပြီး အတင်းအကြပ်နည်းလမ်းများ” အများအပြားကို အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဆိုပါ လုပ်ရပ်များကို မစစ်ဆေးပါက တရုတ် သည် နိုင်ငံများ၏ စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများကို ၎င်း၏ လက်အောက်ခံ အဖြစ် ဆုံးဖြတ်ချက် ချစေနိုင်သော ဘက်လိုက်မှုများနှင့် ကွာဟချက်များကို ဖန်တီးပေးမည့် ကမ္ဘာ့သတင်းအချက်အလက် အခင်းအကျင်းကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းမှုဖြစ်လိမ့်မည်” ဟု သတိပေးထားသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် တွစ်တာ နှင့် ယူကျုဘ် ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် သြဇာလွှမ်းမိုးမှုရှိသော လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် ရှင်ကျန်း၊ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် ကဲ့သို့ အရေးကြီး ပြဿနာများ ကို ထိန်းချုပ်ခြင်း နှင့် ကမ္ဘာ့အခြားနေရာများမှ တစ်ခါတစ်ရံ လက်အောက်ခံ လုပ်ငန်းစုများကို ထိန်းချုပ် ဝယ်ယူခြင်းဖြင့် သမားရိုးကျ မီဒီယာများ၊ အွန်လိုင်းမီဒီယာများနှင့် ပူးပေါင်းလုပ်ဆောင်သည်။

တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ မီဒီယာမဟာဗျူဟာ၏ အဓိက အချက် ၅ ချက်ဖြစ်သော ဝါဒဖြန့်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်း၊ ဒစ်ဂျစ်တယ် လွှမ်းမိုးချုပ်ကိုင်မှုစနစ် မြှင့်တင်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံ မိတ်ဖက်လုပ်ငန်းများကို အသုံးချခြင်း၊ ပူးပေါင်းရွေးချယ်မှုနှင့် ဖိအားများ ပေါင်းစပ်ခြင်းနှင့် တရုတ်ဘာသာစကား မီဒီယာအပေါ် ထိန်းချုပ်မှုတို့ကို ကျင့်သုံးခြင်း တို့ကို အမေရိကန် က ဖော်ပြသည်။

ထိုင်ဝမ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဟု တရုတ် က ၎င်း၏ ကိုယ်ပိုင်အဖြစ် အခိုင်အမာဆိုထားပြီး တရုတ်မီဒီယာစစ်ပွဲ၏ ရှေ့တန်းတွင် ကြာရှည်စွာ ရှိနေခဲ့သည်။

ထိုင်ဝမ် သမ္မတရွေးကောက်ပွဲများမတိုင်မီ ဇန်နဝါရီ အစောပိုင်းတွင် တရုတ် ၏ သတင်းမှားများနှင့် မဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှုများ နှင့် ပတ်သက်၍ ထိုင်ဝမ် က ပြင်ဆင်နေပြီဖြစ်ကြောင်း ယခုလအစောပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝူ က Al Jazeera သို့ ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ပတ်သက်၍ တရုတ်က ပုံသွင်းရန် ကြိုးပမ်းခဲ့မှုများ အပေါ် ထိုင်ဝမ်ပြည်သူများ၏ အမြင် ကို လည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“စစ်ပွဲက အမေရိကန် ဒါမှမဟုတ် နေတိုးက စတင်ခဲ့ပြီး ယူကရိန်းကို အမေရိကန်က ကူညီဖို့ စိတ်မဝင်စားပါဘူး။ ယူကရိန်းနဲ့ ရုရှားကြားက ငြိမ်းချမ်းရေးကို အမေရိကန်က စိတ်မဝင်စားတော့ ယူကရိန်းကို အမေရိကန်က လက်နက်တွေ တပ်ဆင်ပေးနေတယ်” ဟု သတင်းအမှားများပေးရန် ယူကရိန်း စစ်ပွဲ အစကပင် တရုတ် က ထိုင်ဝမ်ရှိ ရုရှား ဝါဒဖြန့်သူများ ကို တွန်းအားပေးကြောင်း ဝူက ပြောသည်။

“တရုတ်က ထိုင်ဝမ်ပြည်သူတွေ ကို အမေရိကန် ကို မယုံကြည်တဲ့ အခြေအနေမျိုးရောက်အောင် တွန်းပို့နေတယ်။ ယမန်နှစ်လယ်ပိုင်းလောက်တွင် လူထုအမြင်စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ရာ အမေရိကန်အပေါ် ထိုင်ဝမ်ပြည်သူများ၏ ယုံကြည်မှုသည် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့တယ်။ အဲဒါ တော်တော်ကို သိသာပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၁ အထိ လူသိထင်ရှားသူ ၁၀၀ နီးပါးသည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများစွာတွင် အနည်းဆုံး ဘာသာစကား ၂ ဒါဇင်ဖြင့် တရားဝင် တရုတ်စာတို ပေးပို့ခြင်းကို လူပေါင်း ၁၁ သန်းကျော်ထံ ဖြန့်ဝေနေကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

 

နှိမ်နှင်းခြယ်၊ လှည့်စားခြင်း

ကမ္ဘာလုံးဆိုင်ရာ ဝါဒဖြန့်မှုများကို ပုံဖော်ရန် တရုတ် ၏ ကြိုးပမ်းမှုအနေဖြင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၅၃ နိုင်ငံရှိ ပြည်ပ ရဲစခန်းများတွင် သံသယရှိခံရသော တရုတ်၏ လုပ်ဆောင်မှုများကို ထုတ်ဖော်ပြသသည့် Safeguard Defenders ကို တရုတ် ဘက်မှ အွန်လိုင်းအကောင့် ၁၀၀၀ ကျော်ဖြင့် ဖိနှိပ်ရန် ကြိုးပမ်းခဲ့သည်။

Xiaomi မှ ထုတ်လုပ်သော မိုဘိုင်းဖုန်းများတွင် အနည်းဆုံး စကားစုပေါင်း ၄၄၉ လုံး၏ စာရင်းကို ဆင်ဆာဖြတ်ရန် သတ်မှတ်ထားခြင်း မရှိသည်ကို တွေ့ရှိခဲ့သည့် Lithuania ၏ အမျိုးသား ဆိုက်ဘာ လုံခြုံရေးစင်တာ မှ စက်တင်ဘာလ ၂၀၂၁ အစီရင်ခံစာကို ကိုးကား၍ ၎င်း၏ ဝါဒဖြန့်မှု ကို နည်းပညာဆိုင်ရာ ဟာ့ဒ်ဝဲအဖြစ် တိုးမြှင့်ရန် တရုတ် ၏ ကြိုးပမ်းမှုများ ဖြစ်သည်။ ၎င်းကို ဥရောပသို့ တင်ပို့ရောင်းချမှုရန် ပိတ်ထားသော်လည်း အဝေးမှ စတင်အသုံးပြုနိုင်ပါသည်။

ယင်းလုပ်ဆောင်ချက်သည် အကဲဆက်သော စကားလုံးများ၊ စကားစုများနှင့် ပုံများကို ပို့စ်တင်ရန် သို့မဟုတ် လျင်မြန်စွာ မဖယ်ရှားနိုင်ရန် တရုတ်၏ တင်းကြပ်သော ကိုယ်ပိုင် အွန်လိုင်း အာကာသ ထိန်းချုပ်မှု အဖြစ် ထင်ဟပ်စေသည်။

တရုတ် နိုင်ငံပိုင် China Central Television (CCTV) မှ ဖန်တီးထားသော မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများကို ကိုးကားပြီး နိုင်ငံခြား သတင်းအဖွဲ့ အစည်းများနှင့် မီဒီယာအဖွဲ့ပေါင်း ၁၇၀၀ အား အခမဲ့ ဗီဒီယိုနှင့် ရုပ်မြင်သံကြား ဇာတ်ညွှန်းများ ပေးဆောင်သည်ဟု အမေရိကန် ဆိုသည်။ ယင်းအကြောင်းအရာများသည် သတင်းဇာစ်မြစ်ကို ဖော်ပြခြင်းမရှိဘဲ ဒေသခံ သတင်း ဌာနများမှ တင်ပြချက်ကို ပြန်လည် ဖန်တီးထုတ်လုပ်သော “ဖြစ်ရပ်အများအပြား” ဖြစ်သည်ဟု ၎င်းက ဆိုသည်။

China Daily ကဲ့သို့သော နိုင်ငံပိုင် သတင်းစာများတွင် အလားတူ သဘောတူညီချက်များ ရှိသည်။

တရုတ်သည် ဖြန့်ကျက် အစီအစဉ်များမှ တစ်ဆင့် ခံယူချက်များကို လွှမ်းမိုးရန် ကြိုးပမ်းခဲ့ပြီး သံတမန်များနှင့် သတင်းထောက်များအား ဝီဂါ မူစလင် ၁ သန်း ကျော် ကို စုစည်း ထားသော စခန်း များ ထားရှိခြင်းကြောင့် ကုလသမဂ္ဂ မှ လူသားများအပေါ် အမှုအခင်း ကျူးလွန်သည် ဟု စွပ်စွဲ ထားသော အနောက်စွန်းဒေသ ရှင်ကျန်းဒေသ  ပြန်လည် ထူထောင်ရေးစခန်းများသို့ အလည်အပတ် ခရီးထွက်ရန် ကြိုးပမ်းခဲ့သည်။

ပြင်သစ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဆော်ဒီအာရေဗျတို့ အပါအဝင် နိုင်ငံပေါင်း ၁ ဒါဇင်ကျော်မှ သတင်းထောက် ၂၂ ဦးကို ယခုလတွင် စေလွှတ်ခဲ့သည်။

လည်ပတ်မှုဆိုင်ရာ CCTV ဗီဒီယိုမှတ်တမ်းတစ်ခုတွင် သတင်းထောက်များသည် ယဉ်ကျေးမှု အကအခုန်များကို ကြည့်ရှုကြပြီး ရှင်ကျန်း၏ တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူများ၏ပျော်ရွှင်မှုကို သဘောကျကြောင်း ချန်နယ်ကို ပြောပြသည်ကို ပြသခဲ့သည်။

ခရီးစဉ်အတွင်း မလေးရှား သတင်းထောက်တစ်ဦး၏ တင်ပြချက်တွင် 'အဓိက အကြမ်းဖက် တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ရာဇ၀တ်မှုပြပွဲ' မှ ဓားများနှင့် သေနတ်များ ၏ ဓာတ်ပုံများ ပါဝင်သည်။

စခန်းများသည် အစွန်းရောက်ဝါဒကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး စင်တာများ ဖြစ်ကြောင်း တရုတ်က စောဒကတက်ခဲ့သည်။

တရုတ်သည် ရှင်ကျန်းဒေသတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည့် “smart city” စနစ်များကို ထောက်လှမ်းခြင်း နှင့် “ဒစ်ဂျစ်တယ် နည်းပညာ ထိန်းချုပ်မှု အသိုင်းအဝိုင်း” ကို ဖန်တီးနေသည်ဟုလည်း အမေရိကန်က ပြောကြားခဲ့သည်။ ဆက်သွယ်ရေး ကုမ္ပဏီကြီး Huawei မှ ထုတ်လုပ်သော နည်းပညာများ တပ်ဆင်ခြင်းသည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ခံနိုင်ရည်ရှိသော နိုင်ငံများကို ချန်ထားခဲ့သည် ဟုလည်း ၎င်းကဆိုသည်။

၂၀၂၁  နိုဝင်ဘာအထိ နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် Huawei မှ ထုတ်လုပ်ထားသော အလယ်တန်း ဘောက်စ်များကို အသုံးပြုနေကြပြီး အချို့သော ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ရန်အတွက် အွန်လိုင်းကွန်ရက်များတွင် အင်တာနက်သွားလာမှုကို လွယ်ကူချောမွေ့စွာ စစ်ဆေးကြည့်ရှုနိုင်သည်ဟု ဆိုသည်။

အမေရိကန်သည် တရုတ် နှင့် ဆက်ဆံရေးတွင် လုံခြုံရေးနှင့် လျှို့ဝှက်ရေးဆိုင်ရာ စိုးရိမ်မှုများကြောင့်  Huawei အဆင့်မြင့် တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်များကို ပိတ်ပင်ထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly