တရုတ် လူငယ်များအတွက် အလုပ်လက်မဲ့ ပြဿနာသည် နိုင်ငံရေးအန္တရာယ် ဖြစ်နိုင်ကြောင်း ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ပြောကြား 

တရုတ် လူငယ်များအတွက် အလုပ်လက်မဲ့ ပြဿနာသည် နိုင်ငံရေးအန္တရာယ် ဖြစ်နိုင်ကြောင်း ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ပြောကြား 

တရုတ်အစိုးရအနေဖြင့် မြင့်တက်လာသော လူငယ်အလုပ်လက်မဲ့နှုန်းကို ကောင်းစွာမကိုင်တွယ်ပါက နိုင်ငံရေးပြဿနာများ ဖြစ်လာနိုင်သည်ဟု သမ္မတ ရှီကျင့်ဖျင် အစိုးရ၏ နာမည်ကြီး အကြံပေး   စီးပွားရေးပညာရှင် တစ်ဦးက သတိပေးထားသည်။

“လူငယ်အလုပ်လက်မဲ့ပြဿနာဟာ လာမယ့်ဆယ်စုနှစ်အထိ ဆက်ဖြစ်နိုင်ပြီး ကာလတိုအတွင်း ပိုဆိုးလာမှာပါ” ဟု ပေါ်လစ်ဗျူရို ထိပ်တန်းဆုံးဖြတ်ချက်ချများ ခြင်း အပါအဝင် တရုတ် စီးပွားရေး ဆိုင်ရာ လမ်းညွှန်မှုများပေးသူ လူရောင်ချမ်း က ဧပြီ ၂၂ တွင် ပြောကြားခဲ့သည်။ 

“အလုပ်လက်မဲ့ ပြဿနာကို မှန်ကန်စွာ မကိုင်တွယ်ပါက စီးပွားရေးနယ်ပယ်မှာသာမက အခြားလူမှုရေးပြဿနာများ မှ တစ်ဆင့် နိုင်ငံရေးပြဿနာများတိုင် ဖြစ်ပေါ်စေလိမ့်မည်” ဟု ပြီးခဲ့သည့် သီတင်းပတ်က Renmin University of China think tank, China Macroeconomy Forum မှ ထုတ်ဝေသော ပူးတွဲအစီရင်ခံစာတွင် ၎င်းက ပြောကြားခဲ့သည်။

စာမျက်နှာ ၁၁၀ ပါ စာရွက်စာတမ်း များ ကို Weibo အက်ပ် ကဲ့သို့ တရုတ် Twitter တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မျှဝေခဲ့ပြီး နိုင်ငံရေးအန္တရာယ်များနှင့် ပတ်သက်၍ စာရေးဆရာများ၏ သတိပေးချက်များကို ဖော်ပြခဲ့ကြသည်။

ရှီသည် ပြီးခဲ့သည့်နှစ်က ရာထူးသက်တမ်း ဆယ်စုနှစ် များအတွင်း ကွန်မြူနစ်ပါတီ အာဏာအတွက် အကြီးမားဆုံးစိန်ခေါ်မှုများ၊ တင်းကျပ်သော “ကိုဗစ်ကင်းစင်‌ရေး” စည်းမျဉ်းများနှင့် ပတ်သက်၍ တရုတ်ခေါင်းဆောင်အချို့ကို ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့ကြသည့် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြားရှိ တရုတ် အလုပ်လက်မဲ့နှုန်းသည် မေလတွင် ၂၀ ဒသမ ၈ ရာခိုင်နှုန်း သို့ စံချိန်တင်ရောက်ရှိခဲ့သည်။ နိုင်ငံ၏စီးပွားရေးနှေးကွေးမှုသည် စျေးကွက်ရှိဘွဲ့ရလူငယ် အသစ်များ လွှမ်းမိုးမှုနှင့် အတူ မူဝါဒရေးဆွဲသူများအား အပြောင်းအလည်း လုပ်ဆောင်ရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်။

တရုတ်၏ လူငယ်အလုပ်လက်မဲ့နှုန်းသည် ကိုဗစ် ကန့်သတ်ချက်များကြောင့် ရပ်တန့်နေသော ပုဂ္ဂလိကကဏ္ဍမှ စတင် ဖြစ်ပေါ်လာသည်ဟု Renmin တက္ကသိုလ်မှ လျူရှောင်ဂန်း နှင့် China Chengxin International Credit Rating Co မှ ရန်ရန် တို့က ဆိုသည်။

ထောက်ပံ့ကြေးမူဝါဒများ ချမှတ်ခြင်းတစ်ခုတည်းဖြင့် လိုအပ်ချက်ရှိနေသော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပြဿနာကို အခြေခံကျကျ ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း စာရေးသူက ရေးသားခဲ့သည်။ “ကပ်ရောဂါဖြစ်ပွားကတည်းက ပြည်သူတွေရဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှု ပျောက်ဆုံးနေခြင်းကို ပြန်လည်မြှင့်တင်ရန်နှင့် ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေးတွေကို အကာအကွယ်ပေး ရန် လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အပြင်းထန်ဆုံး ကပ်ရောဂါတိုက်ဖျက်ရေး ထိန်းချုပ်မှုအချို့ကို ချမှတ်ခဲ့သည်။ အာဏာပိုင်များသည် ရှန်ဟိုင်းတွင် နေထိုင်သူ ၂၅ သန်းကို ၂ လ နီးပါး ပိတ်ဆို့ထား၍ လူနေအိမ်ခြံဝင်းများ အပြင်ဘက်တွင် သတ္တုအကာအရံများ စိုက်ထူပြီး ရပ်ရွာကူးစက်မှုကို တိုက်ဖျက်ရန် ကြိုးစားခဲ့သည်။ ကပ်ရောဂါထိန်းချုပ်ရေး တပ်ဖွဲ့ဝင်များသည် အဝတ်အစားများနှင့် ပရိဘောဂများကို ပိုးသတ်ရန် လူနေအိမ်များသို့ပင် ဝင်ရောက်ခဲ့ပြီး နေထိုင်သူများအနေဖြင့် တရားဥပဒေ နှင့် သိပ္ပံပညာဆိုင်ရာ အမူအကျင့် တန် ဖိုး ပေါ်တွင် စိန်ခေါ်မှုများ ရှိနေခဲ့ကြသည်။

လျူနှင့် တွဲဖက်စာရေးဆရာများက အလုပ်လက်မဲ့လူငယ်များကြားတွင် ဖိအားများရှိနေခြင်းကို ရှင်းရှင်းလင်းလင်း ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ဖော်ထုတ်ခဲ့သည်။ "ပိုမိုခိုင်မာသော စီးပွားရေး ပြန်လည်ဦးမော့လာရန်နှင့် လုပ်သားစျေးကွက်ပြန်လည်ရယူရန် လိုအပ်ကြောင်း" ၎င်းတို့က ဆိုသည်။

China’s jobless youths may pose political risk, top adviser says
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required