နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ‘ရွှေဗီဇာ’ အစီအစဉ်ကို အင်ဒိုနီးရှား မိတ်ဆက်

By The Straits Times
03 September 2023
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ‘ရွှေဗီဇာ’ အစီအစဉ်ကို အင်ဒိုနီးရှား မိတ်ဆက်
Photo-EPA

အင်ဒိုနီးရှားသည် နိုင်ငံ၏ စီးပွားရေးကို အားပေးမြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံရပ်ခြားမှ တဦးချင်းနှင့် အသင်းအဖွဲ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ဖိတ်ခေါ်ရန် ရွှေဗီဇာအစီအစဉ်တရပ်ကို စတင်မိတ်ဆက်ကြောင်း ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ စက်တင်ဘာ ၃ ရက်တွင် ဖြန့်ဝေသော ထုတ်ပြန်ချက်တရပ်အရ သိရသည်။

“ဒီ ရွှေဗီဇာ အစီအစဉ်က ငါးနှစ်ကနေ ၁၀ နှစ်အထိ နေထိုင်ခွင့်ပါမစ်တခု ခွင့်ပြုပေးမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဆီလ်မိုင် ကာရင်မ်က ထုတ်ပြန်ချက်တွင် ပြောသည်။

ငါးနှစ် ဗီဇာတွင် တဦးချင်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ကုမ္ပဏီတခု ထူထောင်ရန် လိုအပ်မည် ဖြစ်ပြီး ၁၀ နှစ် ဗီဇာအတွက် ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။

အမေရိကန်၊ အိုင်ယာလန်၊ နယူးဇီလန်နှင့် စပိန် အပါအဝင် ကမ္ဘာတဝန်း အခြားသော နိုင်ငံများသည်လည်း ရင်းနှီးငွေနှင့် စီးပွားရေးလုပ်ငန်းရှင် နေထိုင်သူများကို ဆွဲဆောင်ရန် ကြိုးပမ်းသည့်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အလားတူ ရွှေဗီဇာအစီအစဉ်များကို မိတ်ဆက်ကမ်းလှမ်းပေးထားသည်။

ယခု အင်ဒိုနီးရှား၏ ရွှေဗီဇာ အစီအစဉ်အရ ကော်ပိုရိတ် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒါရိုက်တာများနှင့် ကော်မရှင်အဖွဲ့ဝင်များအတွက် ငါးနှစ်ဗီဇာ ရရှိရန် အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံရန် လိုအပ်မည် ဖြစ်သည်။ ၁၀ နှစ် ဗီဇာတရပ် ရရှိရန်အတွက် ၎င်းတို့အနေဖြင့် ယင်း၏ နှစ်ဆ သို့မဟုတ် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly