'' မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကမ္ဘာကသိဖို့  What’s happening in Myanmar ဆိုတာလေးကို မီးမောင်းထိုးဖို့အတွက်ပါ'' 

By စန်းကျိန် (မဇ္ဈိမ)
17 March 2023
'' မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကမ္ဘာကသိဖို့  What’s happening in Myanmar ဆိုတာလေးကို မီးမောင်းထိုးဖို့အတွက်ပါ'' 

'' ဒီ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကမ္ဘာကသိဖို့၊ What’s happening in Myanmarဆိုတာလေးကို မီးမောင်းထိုးဖို့ ''We are the world''သီချင်းကို ပြန်လာသီဆို ထုတ်လွှင့်ခဲ့တာပါ။ 

သီချင်းထဲက ''That a change can only come when we stand together as one'' ဆိုတဲ့ စာသားအတိုင်းပြောင်းလဲမှုရယ်၊ အောင်မြင်ဖို့အတွက်ဆိုရင် တစ်လုံးတစ်ဝတည်း၊ တစ်စုတစ်စည်းတည်း၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေမှ အင်အားလည်းကြီးမယ်၊ ပြောင်းလဲမှုလည်းတွေ့ရမယ်။ စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံ( CDM , လက်နက်ကိုင်တော်လှန်တာ၊ Boycott )နဲ့ တော်လှန်နေတဲ့ချိန်မှာ အမတို့ကMusic နဲ့တော်လှန်နေတာ ဖြစ်နေတာဖြစ်တယ်။''လို့ Chinlung Chhuak Artist စီစဉ်သူ Dadeo Cer က ပြောပါတယ်။ 

We are the world မူရင်းသီချင်းကို ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချေးတို့က ရေးသားခဲ့ပြီး ၁၉၈၅ခုနှစ်မှာ ဖြန့်ချိခဲ့တာပါ။ ဂရမ်မီဆု ရရှိခဲ့တဲ့ သီချင်းဖြစ်ပြီး နိုင်ငံတကာမှာလည်း  အမြောက်အမြား ပြန်လည်သီဆိုခဲ့ကြပါတယ်။ 

ပြည်တွင်းမှာ ထင်ရှားတဲ့ချင်းအဆိုတော်တွေ ၊ အမေရိကန်၊ နယူးဇီလန် က ချင်းအဆိုတော်တွေ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်က မီဇိုရမ် အဆိုတော်တွေ စုပေါင်းပြီး မြန်မာ့အရေး ကို ကမ္ဘာကသိဖို့ ကမ္ဘာကျော် We Are the World သီချင်းကို Cover Song - ပြန်ဆိုတေး အနေနဲ့ ပြန်လည်သီဆိုခဲ့ကြပါတယ်။ 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ Chin Tube ဆိုတဲ့Youtube Channel ကတစ်ဆင့်တင်ခဲ့တဲ့ ဒီသီချင်းဟာ တစ်လကျော်ကြာတဲ့အခုအချိန်မှာ ကြည့်ရှုသူ နှစ်သန်းရှိလာသလို နိုင်ငံတကာ တေးသီချင်းဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကို ရထားပါတယ်။ 

ဒီသီချင်းကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေတဲ့ အခြေအနေကိုလည်း ကမ္ဘာတစ်ဝန်း ပိုပြီးသိရှိလာကြပါတယ်။ ဒီသီချင်းဖြစ်ပေါ်လာဖို့ ဖန်တီးဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ မဇ္ဈိမ သတင်းထောက် စန်းကျိန်က မေးမြန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required