စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ ၁.၉ သန်းရှိလာ

By လင်းသူရိန် (မဇ္ဈိမ)
10 September 2023
စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ ၁.၉ သန်းရှိလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်  နေရပ်စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ရသူအရေအတွက် ဟာ အခုဆို ၁.၉ သန်းရှိနေပြီလို့  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေရုံး UNOCHA ရဲ့ စက်တင်ဘာလ ၈ ရက် အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ၁.၆ သန်း ရှိတယ်လို့ ထုတ်ပြန်ထားတဲ့ အတွက် တလအတွင်းမှာ နေရပ်စွန့်ခွာရသူ သုံးသိန်းလောက် တိုးလာတာဖြစ်ပါတယ်။

နေရပ်စွန့်ခွာရသူတွေများလာတာနဲ့ စစ်ဘေးရှောင်တွေများလာရတာက စစ်ကောင်စီရဲ့အကြမ်းဖက်လုပ် ရပ်တွေကြောင့်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစည် သူမောင်က မဇ္ဈိမကို ပြောပါတယ်။

တည်းဖြတ်/တင်ဆက်- လင်းသူရိန်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly