ထောင်ဝင်စာပို့ဖို့ အကူညီတောင်းခံသူတွေများလာ

By လင်းသူရိန်(မဇ္ဈိမ)
03 November 2023
ထောင်ဝင်စာပို့ဖို့ အကူညီတောင်းခံသူတွေများလာ

အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာမှာ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ်ကျခံနေရသူတွေကို ထောင်ဝင်စာပို့ဖို့အတွက် အကူအညီတောင်းခံမှုတွေ များလာတယ်လို့ နိုင်ကျဉ်းတွေကို ထောင်ဝင်စာပို့ဖို့ ကူညီပေးနေတဲ့ “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့က ပြောပါတယ်။

လတ်တလောမှာ ထောင်ဝင်စာ အကူအညီတောင်းခံမှုတွေ တဖြည်းဖြည်းပိုများလာပြီးတော့ သူတို့အဖွဲ့ကို အကူအညီတောင်းခံသူက ၇၀၀နီးပါး ရှိလာပြီလို့ ထောင်ဝင်စာပို့ကြမယ်အဖွဲ့က တာဝန်ရှိသူက ဆိုပါတယ်။

တည်းဖြတ်/တင်ဆက်- လင်းသူရိန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required