ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင် ၁ဝ,ဝဝဝ ကျော်ရှိလာ

By KMN (မဇ္ဈိမ)
03 November 2023
ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင် ၁ဝ,ဝဝဝ ကျော်ရှိလာ

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အရေအတွက် ၁ဝ,ဝဝဝ  ကျော်ရှိလာပြီ လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ် မစိုးရိမ်ကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတာပါ။

နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ရေဦးမြို့ ကြာဖူးအဝိုင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာအတွင်း ကျရောက်ပြီး အရပ်သား အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခုလိုရမ်းသန်းပစ်ခတ်နေတဲ့အပြင် စစ်ကြောင်းထိုးနေတာကြောင့် ဒီပဲယင်းမြို့နယ်တခုလုံးမှာ စစ်ဘေးရှောင်နေရသူ ၁ဝ,ဝဝဝ ကျော်နေပြီး စားနပ်ရိက္ခာထောက်ပံ့စရာ မကျန်တော့ဘူး လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်က ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required