လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးဝါးနှင့်ရိက္ခာဝယ်ယူရန် သံဃသမဂ္ဂ(မန္တလေး)က ထောက်ပံ့

By 008 (မဇ္ဈိမ)
03 November 2023
လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးဝါးနှင့်ရိက္ခာဝယ်ယူရန် သံဃသမဂ္ဂ(မန္တလေး)က ထောက်ပံ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးဝါးနှင့်ရိက္ခာ ဝယ်ယူရန်အတွက် နိုဝင်ဘာ ၃ရက်၊ နံနက် ၁၁နာရီက ငွေကျပ် ၅၀၀,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သံဃသမဂ္ဂ(မန္တလေး) ဦးဆောင်ဆရာတော်က မဇ္ဈိမကို မိန့်သည်။

လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုံ (၄)အတွင်းရှိ ကင်းမြီးကောက် ပြောက်ကျားတပ်စုကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး သံဃသမဂ္ဂ(မန္တလေး)သို့ ပြည်သူလူထုက လှူဒါန်းထားသည့် ငွေကြေးများကို လိုအပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ပြန်လည်ထောက်ပံ့ပေးခြင်းဖြစ်သည်။

"ဒီနေ့ကတော့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့တယ်။ လိုအပ်တဲ့ ရိက္ခာဆေးဝါးအတွက်။ဘုန်းကြီးတို့အတွက် လှူတာတွေရှိတယ်လေ။ အဲဒါတွေကိုပြန်ကူတာပေါ့။ မန္တလေးနဲ့စစ်ကိုင်း၊မကွေးဘက်ကအဖွဲ့တွေအတွက်လည်း မကြာခဏ ထောက်ပို့ဖြစ်တယ်"ဟု ဆရာတော်က မိန့်သည်။

သံဃသမဂ္ဂ(မန္တလေး)သည် အာဏာသိမ်းစဥ်က စ၍ စစ်ကောင်စီကို ယနေ့တိုင် ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ဆန္ဒပြမှုများကို လုပ်ဆောင်နေဆဲဖြစ်သည်။

စစ်အာဏာရှင် အမြစ်ပြတ် ချုပ်ရေးအတွက် ပြည်သူလူထုအနေဖြင့်လည်း နိုင်ရာနိုင်ရာ လက်လှမ်းမီသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ကူညီထောက်ပံ့ပေးကြရန် သံဃသမဂ္ဂ(မန္တလေး)ကတိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required