ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

By 008 (မဇ္ဈိမ)
02 November 2023
ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး တဦးထိခိုက် ဒဏ်ရာရရှိသွားကြောင်း မြင်းခြံ ခရိုင်အမှတ်(၄)တပ်ရင်းမှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ကျင်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် အင်အား ၃၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ ကို အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

“တလုံးက တပ်စွဲထားတဲ့အဆောင်ပေါ်ကျတယ်။ တလုံးက သူတို့ပြေးထွက်ချိန် ကျတယ်။ တဦးသေတယ်၊ တဦးထိခိုက်သွားတယ်” ဟု တိုက်ခိုက်ခဲ့ရာတွင်ပါဝင်သည့် Natogyi People Defence Force တပ်ဖွဲ့ဝင် တဦးက ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ကျင်းသာကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက် နေ့မှစတင်အထိုင်ချပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကို အကြမ်းဖက် စစ်ကြောင်းထိုးနေသည့် တပ်ဖွဲ့ ဖြစ်သည်။ တိုက်ခိုက်ခံရပြီးနောက် အဆိုပါတပ်ဖွဲ့သည် ကျင်းသာကျေးရွာမှ ဆုတ်ခွာထွက်ပြေးသွား ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို  မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း(၆) တပ်ခွဲ(၂) တပ်ခွဲ(၃)၊ Natogyi People Defence Force ၊ ငါးဇွန်မြိုနယ် ပကဖနှင့် Special Task Force Ngazun တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်သံ - Natogyi People Defence Force

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required