စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ရန် တိုက်တွန်း

22 February 2023
စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ရန် တိုက်တွန်း

ဥရောပသမဂ္ဂက  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ ပတ်သတ်ဆက်နွယ်သူတွေနဲ့ အဖွဲ့အစည်းတွေအပေါ် အရေးယူပတ်ဆို့မှုအသစ်တွေထပ်မံချမှတ်လိုက်ပါတယ်။

ယခုတကြိမ်အရေးယူမှုသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်သည့်အတွက် ကြိုဆိုကြောင်း Justice For Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ရန် တိုက်တွန်းထားပါတယ်။

အထူးသဖြင့် အမေရိကန်အစိုးရအနေနဲ့ အီးယူ၊ ဗြိတိန်၊ ကနေဒါတို့လို မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ကွင်းဆက်ကို ပစ်မှတ်ထားပိတ်ဆို့တာကို လိုက်ပါဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

နောက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့အနေနဲ့ အီးယူနဲ့အတူ စစ်တပ်ရဲ့နိုင်ငံခြားဝင်ငွေရလမ်း အကြီးမားဆုံးရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အမြန်ဆုံးပိတ်ဆို့အရေးယူဖို့ JFM ကတိုက်တွန်းထားပါတယ်။
ယခု ထပ်မံကြေညာလိုက်သည့်  အီးယူ၏ ပိတ်ဆို့အရေးယူမှုတွင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခု ပါဝင်ပါတယ်။

ထို့အပြင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့အနေဖြင့်လည်း စစ်ကောင်စီနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှုကို အဆုံးသတ်ရန်နှင့် စစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် JFM က တိုက်တွန်းထားပါတယ်။ 

 

  မြန်မာ့ဒီမိုကရေစီအင်အားစုတွေက အမေရိကန်နိုင်ငံအား အာဏာသိမ်းစစ်ကောင်စီအပေါ် ပိုမိုပြင်းထန် တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ဖို့နဲ့ ဒီမိုကရေစီတပ်ဖွဲ့တွေအတွက် ငွေကြေးပံ့ပိုးမှုတွေ တိုးမြှင့်ပေးစေလိုတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ပြောကြားထားပါတယ်။

အမေရိကန် အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှုတွေ ပါဝင်ခဲ့တဲ့ တစ်ပတ်ကြာ ဝါ ရှင်တန်ခရီးစဉ်အပြီး ဒေါ်ဇင်မာအောင်က ရိုက်တာသတင်းဌာနကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးကို အမျက်ဒေါသထွက်စေပြီး ပြည်တွင်းအတိုက်အခံတွေကို ပျောက်ကျားတပ်ဖွဲ့တွေ ဖွဲ့ စည်းစေခဲ့တဲ့ အာဏာသိမ်းမှု နှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ ဇန်နဝါရီလ ၃၁ ရက်မှာ အမေရိကန်နဲ့ မဟာ မိတ်တွေက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။

ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဆောင်နိုင်စေဖို့ မြန်မာ စစ်တပ်ရဲ့ လေယာဉ်ဆီရရှိနိုင်မှု လျှော့ချဖို့ စစ်ကောင်စီအတွက် အဓိက ပြည်ပဝင်ငွေရပေါက်တစ်ခုဖြစ်တဲ့ မြန်မာ့ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေးယူဖို့ ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာ၊ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ပထမဆုံးအကြိမ် ကြိုးပေးကွက်မျက်တာနဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀၀ ကျော်အထိ စံချိန်တင် များလာခဲ့ပေမယ့် ၂၀၂၂ ခုနှစ်အတွင်း ဉရောပသမဂ္ဂက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေး ယူမှု နှစ်ကြိမ်သာ လုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံရသူ ၃၀၀၀ ကျော် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်အရေးအဖွဲ့ (AAPP) က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်မြေအများအပြားမှာ အသက်သေဆုံးသူတွေကို မှတ်တမ်းတင်ရာမှာ စိန်ခေါ်မှုတွေရှိ တာကြောင့် အချက်အလက်တွေကို လျှော့ပေါ့ထားတာဖြစ်ပါတယ်။

ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုသစ်တွေက ရည်ရွယ်ချက်မှန်ကန်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်လက်နက်ထောက်ပံ့တာတွေကို ကန့်သတ်ဖို့နဲ့ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန် ရှိတဲ့သူတွေကို ပစ်မှတ်ထားတာလို့ လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့ Burma Campaign UK ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါ့အပြင် “အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ဒဏ်ခတ်အရေးယူသင့်သူ ရာနဲ့ချီရှိပေမယ့် အရေးမယူခဲ့ပါဘူး” Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ်က လို့ ဆိုပါတယ်။
“မြန်မာပြည်သူတွေက စစ်အုပ်ချုပ်ရေးကို တတ်နိုင်သလောက် ခုခံတွန်းလှန်ပြီး လူ့အခွင့်အရေးကို ကာ ကွယ်ပေမယ့် အီးယူ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံကတော့ လုံလောက်တဲ့ ပံ့ပိုးမှုမျိုးမရှိပါဘူး။ ဉရောပသမဂ္ဂက မှန် ကန်သောမူဝါဒ ဖော်ဆောင်ပေမယ့် အရေးယူရာမှာ နှေးကွေးလွန်းပါတယ်” လို့ သူက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly