ရေအားလျှပ်စစ်စီမံကိန်များလုပ်ဆောင်ရန် အတိုင်ပင်ခံ ဥရောပကုမ္ပဏီများကို မြန်မာစစ်အုပ်စုက ဒေါ်လာ သန်းချီငွေပေးခဲ့ဟုဆို

ရေအားလျှပ်စစ်စီမံကိန်များလုပ်ဆောင်ရန် အတိုင်ပင်ခံ ဥရောပကုမ္ပဏီများကို မြန်မာစစ်အုပ်စုက ဒေါ်လာ သန်းချီငွေပေးခဲ့ဟုဆို

ဘေးအန္တရာယ်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများ လုပ်ဆောင်ရန်  အတိုင်ပင်ခံ လုပ်ငန်းအတွက် ဥရောပ အင်ဂျင်နီယာ ကော်ပိုရေးရှင်း နှစ်ခုကို စစ်အုပ်စုက ဒေါ်လာသန်းချီ ပေးချေခဲ့သည့်အကြောင်း Justice For Myanmar က ထုတ်ဖော်ခဲ့သည်။ 

လျှို့ဝှက်ပေါက်ကြားလာသည့် အခွန်မှတ်တမ်းများအရ ဆွီဒင်အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ AFRY AB ၏ ဆွဇ်ကုမ္ပဏီခွဲသည် မြန်မာနိုင်ငံမှ အထက်ရဲရွာ နှင့် အလယ် ပေါင်းလောင်း ရေအား လျှပ်စစ်စီမံကိန်းများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အထိ အတိုင်ပင်ခံ လုပ်ငန်းအတွက် ဝန်ဆောင်ခအဖြစ် အမေရိကန် ဒေါ်လာ ၄.၆၈ သန်း ရရှိခဲ့ကြောင်း  ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

အလားတူ ဩစတြီးယား အခြေစိုက် ILF Group ၏ မြန်မာကုမ္ပဏီခွဲက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် စစ်အုပ်စုဆီက အမေရိကန်ဒေါ်လာ ၁.၁ သန်း ရရှိခဲ့ကြောင်း Justice For Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကုမ္ပဏီနှစ်ခုလုံးကို စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားသည့်  လျှပ်စစ်ဝန်ကြီးဌာနရဲ့  ဦးစီးဌာနတစ်ခုက ပေးချေခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly