တရုတ်က သြစတြေးလျကို ပြန်လည် မှီခိုလာရ

By The Hongkong Post
28 January 2022
တရုတ်က သြစတြေးလျကို ပြန်လည် မှီခိုလာရ

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ရည်မှန်းချက်များကိုဖြည့်ဆည်းရန် သံမဏိထုတ်လုပ်မှုကို လျှော့ချ ဖြတ်တောက်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို အကောင်အထည်ဖော်လျက်ရှိသည်။

သံမဏိပြုလုပ်ရန်အတွက် အသုံးပြုသည့် သံသတ္ထုရိုင်းများဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာပြီး မစ်ထရစ် တစ်တန်လျင် ဇန်နဝါရီ ၂၅ရက်တွင် ကန်ဒေါ်လာ ၁၂၈ ဖြင့် သုံးလအတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သည်။

၂၀၂၁ခုနှစ် ဇူလိုင်လတွင် တစ်တန် အမေရိကန်ဒေါ်လာ၂၂၂ အမြင့်ဆုံးဖြစ်ခဲ့သည့် ဈေးထက် နိမ့်သေး သော်လည်း ၂၀၂၂ခုနှစ် ပထမဆုံး သတင်းသုံးပတ်အတွင်းပင် တရုတ်တွင် ယွမ်ငွေ ၃ ထရီလီယံတန်ဖိုးရှိသည့် စီမံကိန်းကြီးများ ကို စတင်ခြင်းက သြစတြေးလျအတွက် ကောင်းမွန်သော လက္ခဏာဖြစ်သည်။

Saxo Bank သြစတြေးလျဈေးကွက်မဟာဗျူဟာပညာရှင် ဂျက်စီကာ အေမာက သြစတြေးလျအနောက်ပိုင်း ပယ်ဘာရာဒေသရှိ သံသတ္တူရိုင်းဝယ်လိုအားကို အလွန်ကောင်းလာပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏ သံမဏိထုတ်လုပ်မှုသည်တဖြည်းဖြည်းတိုးလာနေသော်လည်းနိမ့်ကျနေဆဲဖြစ်သည်ဟု သူမက ဆိုသည်။

'ပယ်ဘာရာဒေသကနေ သင်္ဘောတင်ပို့တာလဲ များလာပါတယ် '

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပထမဆုံး ၃ပတ်အတွင်းကြေညာခဲ့သည့် ယွမ်ငွေ ၁ ဒသမ ၂ ထရီလီယံ တန်ဖိုးရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်ထက် ယခုနောက်ဆုံး တရုတ်၏ အသုံးစရိတ်သည် ၃ ဆနီးပါးပိုများပြီး၊ ပေကျင်းအိုလံပစ်ပွဲတော်ပြီးနောက် မတ်လတွင် တိုးလာဖွယ်ရှိကြောင်း အေမာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly