နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၃ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၃ ဩဂုတ် ၂၀၂၁)
(Photo : : CJ - ဩဂုတ်လ ၁၃ ရက်၊ မန္တလေးမြို့ အောင်မြေသာစံ ပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း)

ဩဂုတ်လ ၁၃ ရက်

 ရန်ကုန်တိုင်းဒေသကြီး

 

·         ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် တော်လှန်ကျောင်းသားလူငယ်များသည် သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

·         မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ ၂၀ ရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံများက ပြောသည်။

 

·         ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးသစ်တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ဒုတပ်ကြပ် ယာဉ်ထိန်းရဲတစ်ဦး ဓားဖြင့် ၅ ချက် ထိုးခံရပြီး သေဆုံးဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

·         ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် တော်လှန်ကျောင်းသားလူငယ်များသည် သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

·         ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် တောင်ဥက္ကလာကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။

 

·         ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက် NLDရပ်ကျေးဥက္ကဌ ဦးအံ့ကျော် ကို စစ်ကောင်စီအဖွဲ့များမှ နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

·         ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၉၁)လမ်းမှာရှိသည့် ဆေးဂိုထောင်တစ်ခုကို ယမန်နေ့ က စစ်ကောင်စီအဖွဲ့ကဝင်ရောက်ရှာဖွေစစ်ဆေးပြီး ဆေးဝါးတချို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

 

မန္တလေးတိုင်းဒေသကြီး

 

·         ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ မန္တလေးတွင် သြဂုတ်လ ၁၂ရက်နေ့ ညပိုင်းက နေ့စဉ်ပြုလုပ် နေကျဖြစ်သော အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်/ခွန်ညသပိတ်ပြု လုပ်ခဲ့ကြောင်း သိရသည်။

 

·         မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ သြဂုတ်လ ၁၂ရက်နေ့တွင် နေ့စဉ်ပြုလုပ်နေ ကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

 

·         မန္တလေးတွင် သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းက မန္တလေး အင်အားစု သပိတ်စစ်ကြောင်း ဦးဆောင်ကာ အိမ်စောင့် စစ်ခွေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

·         မန္တလေးတွင် အကြမ်းဖက် စစ်တပ်က အရပ်ဝတ်များဖြင့် သပိတ်စစ်ကြောင်းများကို လိုက်လံပစ်ခတ် ဖြိုခွင်း နေသည့်ကြားက သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၃ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ၁၈၆ ရက်မြောက်နေ့ အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

·         မန္တလေးမြို့အခြေစိုက် လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

·         မန္တလေး သံဃသမဂ္ဂဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

·         မန္တလေးမြို့တွင် စစ်အာဏာရှင် ဖြုတ်ချရေး အတွက် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြတောင် သပိတ်စစ်ကြောင်း ချီတက် သပိတ်မှောက်ကြသည်။

 

·         မန္တလေးတွင် အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းသည် သြဂုတ်လ ၁၃ ရက် နံနက်တွင် ချီတက်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

 

·         သွေးကြွေးဆပ်မည့် မျိုးဆက်၏ မန္တလာကျောင်းသူ/သားများသပိတ်စစ်ကြောင်းသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ချီတက် သပိတ်မှောက် ဆန္ဒပြကြသည်။

 

·         မန္တလေးမြို့တွင် စစ်အာဏာရှင် ဖြုတ်ချရေး အတွက် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြတောင် သပိတ်စစ်ကြောင်း ချီတက် သပိတ်မှောက်ကြသည်။

 

·         မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ၄ ရပ်ကွက်တွင် ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ် ၁ ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် အပေါင်းအပါများကို မြင်းခြံ ပျောက်ကြားတပ်ဖွဲ့က MG6 က အထူးသတိပေးကြောင်း သတင်းထုတ်ပြန်သည်။

 

·         မန္တလေးတွင်  သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းက မန္တလေး အင်အားစု သပိတ်စစ်ကြောင်း ဦးဆောင်ကာ အိမ်စောင့် စစ်ခွေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

·         မန္တလေးတွင် ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၃ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

 

စစ်ကိုင်းတိုင်းဒေသကြီး

 

·         စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်လမ်းခွဲတွင် သြဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က ပုလဲမြို့နယ်ဘက်မှ မောင်းနှင်လာသော စစ်ကောင်စီယာဉ် ၂ စီးကို ယင်းမာပင် PDF မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးကာ စစ်ကားနှစ်စီး မီးလောင်ပေါက်ကွဲ ခဲ့သည်ဟု ဒေသရင်းမြစ် အလောင်းတော်ကဿပနယ်မြေသတင်းထံမှ သိရသည်။

 

·         စစ်ကိုင်းတိုင်းကလေးမြို့နယ်နှင့် ချင်းပြည်နယ်အစပ်တွင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF(Kalay) နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း ကလေး PDF က တရားဝင် သတင်းထုတ်ပြန်သည်။

 

·         စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာတစ်ခုတွင် အကြမ်း ဖက်စစ်ကောင်စီ ဖြုတ်ချရေး အတွက် သြဂုတ်လ ၁၃ ရက်နေ့တွင် ချီတက် သပိတ်မှောက်ကြသည်။

 

·         စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာ များ မှ တော်လှန်ပြည်သူများစုပေါင်းပြီး သြဂုတ်လ ၁၃ ရက် နံနက်တွင် အကြမ်းဖက်စစ် အာဏာရှင်အမြစ် ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် သြဂုတ်လ ၁၃ ရက် နံနက်တွင် ပင်မသပိတ်စစ်ကြောင်းဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြကြသည်။

 

 

မကွေးတိုင်းဒေသကြီး

 

·         မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ခုတွင် တော်လှန်ရေးပြည်သူများမှ "လိုလျှင်ယူ ပိုလျှင်လှူ" အစီအစဉ်ဖြင့် သြဂုတ်လ ၁၃ ရက် နံနက်တွင် အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်များ လှူဒါန်းဝေငှကြသည်။

 

 

တနင်္သာရီတိုင်းဒေသကြီး

 

·         ထားဝယ်မြို့ အရှေ့တော အရပ်တွင် သြဂုတ်လ ၁၂ရက်နေ့ ညပိုင်းက လူငယ်များဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

·         လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာတွင် ယနေ့ သြဂုတ်လ ၁၃ ရက်နေ့၌ လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

 

ချင်းပြည်နယ်

 

·         ချင်းပြည်နယ်၊ မင်းတပ် CDF အားတိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်း ၂ ကြောင်းဖြင့် သြဂုတ်လ ၁၃ ရက် ယနေ့တွင် ထိုးစစ်ဆင်လာကြောင်း သိရသည်။

 

·         သြဂုတ်လ ၁၁ ရက် ညပိုင်းကလည်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဗီဒီယိုရိုက်ကူးပြီး လိုက်လံထောက်လှမ်းနေသော အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

ကချင်ပြည်နယ်

 

·         ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ တော်လှန်ပြည်သူများသည် သြဂုတ်လ ၁၃ ရက် နံနက်တွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးနှင့် NUG အစိုးရကို ထောက်ခံကြိုဆိုကြောင်း ကျေးရွာတွင်းလှည့်လည်၍ ကြွေးကြော်ဆန္ဒပြကြသည်။

 

 

ပဲခူးတိုင်းဒေသကြီး

 

·         အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ကိုထက်မြက်ကျော် နှင့် ကိုဖြိုးဝေယံကျော်တို့ ကျဆုံးခြင်း ငါးလပြည့် အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း၊ ပြည်မြို့ရှိ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကျောင်းသားများသည် သြဂုတ်လ ၁၃ ရက်နံနက်တွင် "ဖက်ဆစ်အရိုး သွားကြားထိုး၊ ဖက်ဆစ်ရဲ့သွေး ခြေနဲ့ဆေး" စသည်တို့ ကြွေးကြော်ပြီး စစ်အာဏာရှင်ဖြုတ်ချ ရေး ဆန္ဒပြကြသည်။

 

 

ဩဂုတ် ၁၃ သုံးသပ်ချက်

 

·         ရန်ကုန်တွင် ဆန္ဒပြမှုများ အားကောင်းနေသလို တော်လှန်ရေးလုပ်ငန်းများလည်း အားကောင်းနေ တာကိုတွေ့ ရသည်။ယင်းအခြေအနေတွင် စစ်ကောင်စီမှလည်း ရှာဖွေဖမ်းဆီးမှုများကို ခပ်ခပ်စိတ်စိတ်လုပ်နေသည်ကို တွေ့ရသည်။

 

·         မန္တလေးတွင်လည်း သပိတ်စစ်ကြောင်းများ ချီတက်ဆန္ဒပြမှု အားကောင်းနေဆဲဖြစ်သည်။ နွေဦး တော်လှန်ရေး စတင်ကတည်းက ဆန္ဒပြမှုများ လျော့ကျသွားခြင်းမရှိဘဲ အားကောင်းနေတာ လည်း ဖြစ်သည်။

 

·         စစ်ကိုင်းတွင် ဆန္ဒပြမှုများနှင့် တော်လှန်ရေးလုပ်ငန်းများ အားကောင်းနေပြီးဒေသခံ PDF များ၏ ပျောက်ကြားတော်လှန်ရေးမှာလည်း အောင်မြင်မှုများရ နေသည်ကို တွေ့ရသည်။ယင်းအတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးကို စစ်ကောင်စီအကြမ်းဖက်တပ်များ ပိုမိုဖိလာဖွယ်ရှိနေသည်။

 

·         ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တွင် စစ်ကောင်စီ အကြမ်းဖက်တပ်က ထိုးစစ်ပြုလုပ်လာသည့် အတွက်တိုက်ပွဲများဖြစ်ပွားလာသည်။ယင်းအခြေအနေကြောင့် စစ်ဘေးရှောင်များ ထပ်မံတိုးလာ ဖွယ်ရှိ နေသည်။ကျန်ပြည်နယ်နှင့်တိုင်းများတွင် ဆန္ဒပြမှု မရှိသလောက်နည်းပါးနေသည်ကို တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required