ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်အထိုင်ချရာနေရာများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ၄ ဦး သေဆုံး

By YT(မဇ္ဈိမ)
05 November 2023
ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်အထိုင်ချရာနေရာများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ၄ ဦး သေဆုံး
ပုံအညွှန်း- စစ်ရေးပစ်မှတ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်နေပုံ (ဓါတ်ပုံ- Cloud Wings)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ များအထိုင်ချထားသည့် နေရာများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“မြို့ထဲက သူတို့နေရာတွေအကုန်လုံးကို တချိန်တည်းဝင်တိုက်ခဲ့တာပါ။ သူတို့ဘက်က လေးယောက်သေ တယ်။ ခြောက်ယောက်ဒဏ်ရာရတယ်" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံကိုငြိမ်းက မဇ္ဈိမကို ပြော သည်။

ပုံအညွှန်း- စစ်ရေးပစ်မှတ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်နေပုံ (ဓါတ်ပုံ- Cloud Wings)

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၃၂)၊ ရဲစခန်း၊ ဇမိခန်းမ၊ အားကစားရုံအပါအဝင် စစ်ကောင်စီတပ် အထိုင်ချထားရာ နေရာများအား  (၁၀၇)မမ၊ (၈၁)မမ၊ (၆၀)မမ အမျိုးအစား ဗုံးသီးများဖြင့် ကြဲချ တိုက် ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဒရုန်းမစ်ရှင်များအတွင်း စစ်ကောင်စီတပ်စွဲရာ နေရာအများအပြား ပြိုကျပျက်စီးမှု ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံအညွှန်း- စစ်ရေးပစ်မှတ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်နေပုံ (ဓါတ်ပုံ- Cloud Wings)

ဒရုန်းမစ်ရှင်များအား KNLA ၏ ဦးဆောင်မှုဖြင့် Lion Battalion စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ ဂဠုန်စစ်ကြောင်း၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Federal Wings၊ Saw Dragon Drone Force (SDDF)နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား သုံးဦး သေဆုံး၍ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း Cloud Wings တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံအညွှန်း- စစ်ရေးပစ်မှတ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်နေပုံ (ဓါတ်ပုံ- Cloud Wings)

ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့က ခလရ (၃၂) ဗဟိုကင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ခလရ (၂၈၃) ဗဟိုကင်း၊ အောက်တိုဘာလ ၂ရရက်နေ့တွင် ကြာအင်းဆိပ်ကြီးဗျူဟာကုန်းတို့ကို ဒရုန်းဖြင့် ဗုံးသီး များ ကြဲချတိုက်ခိုက်ခဲ့ကြောင်း Cloud Wings တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required