အနောက်နိုင်ငံများ၏ အန္တရာယ်လျှော့ချရေး အစီအမံများကြောင့် တရုတ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပထမဆုံးအကြိမ် လျှော့နည်းလာ

By Times of India
11 November 2023
အနောက်နိုင်ငံများ၏ အန္တရာယ်လျှော့ချရေး အစီအမံများကြောင့် တရုတ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပထမဆုံးအကြိမ် လျှော့နည်းလာ

အနောက်နိုင်ငံအစိုးရများက အန္တရယ်လျှော့ချရေး အစီအမံများချမှတ်ပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီများကို မဆွဲဆောင်နိုင်ခြင်းကြောင့် တရုတ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် ပြီးခဲ့သည့်သုံးလပတ်အ တွင်း  ပထမဆုံးအကြိမ်ကျဆင်းလာကြောင်း ငွေပေးငွေယူရှင်းတမ်းလက်ကျန်စာရင်းအချက်အလက်များက ဖော်ပြလိုက်သည်။

ယွမ်ရောင်းချမှုကို တားဆီးရန် အာဏာပိုင်များ၏ အရှိန်မြှင့် ကြိုးပမ်းမှုများကြောင့် တရုတ်ပြည်တွင်း ယွမ်ငွေနှင့် ဒေါ်လာလဲလှယ်မှုသည် အောက်တိုဘာလတွင် စံချိန်တင် အနိမ့်ဆုံးပမာဏသို့ ရောက်ရှိခဲ့သည်။

နိုဝင်ဘာ ၃ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ငွေပေးငွေယူရှင်းတမ်းလက်ကျန်စာရင်း၏ ပဏာမအချက်အ လက်များအရ FDI ကို တိုင်းတာသည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံ လျှော့နည်းခဲ့သည်။

ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် အနောက်နိုင်ငံများက အန္တရယ်လျှော့ချရေး အစီအမံများ ဆောင်ရွက်နေချိန်တွင် တရုတ်နိုင်ငံခြားငွေလဲလှယ်နှုန်း ထိန်းချုပ်ရေးဌာနက ၁၉၉၈ ခုနှစ်တွင် အချက်အ လက်များ စတင်ပြုစုပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သုံးလပတ် ရင်းနှီးမြှုပ်နှံမှု လျှော့နည်းမှု ဖြစ်သည်။

"ယွမ်ကို ဖိအားပေးဖို့ တရုတ်အာဏာပိုင်တွေရဲ့ စဉ်ဆက်မပြတ် မဟာဗျူဟာမြောက် တုံ့ပြန်မှုကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု OCBC ဘဏ်မှ မဟာတရုတ်သုတေသနဌာန၏ အကြီးအကဲ တော်မီရှဲက ရေးသား ခဲ့သည်။

ယင်းလျှော့နည်းမှုကို ကိုင်တွယ်ရန် တရုတ်ဗဟိုဘဏ်က နေ့စဉ်ယွမ်ငွေလဲလှယ်မှုများနှင့် နိုင်ငံခြားဈေးကွက်တွ င် ယွမ်ငွေဖြစ်လွယ်မှုကို စီမံခန့်ခွဲခြင်းအပါအဝင် တန်ပြန်ဝင်ရောက်စွက်ဖက်မှုများကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း ရှဲက မျှော်လင့်ထားသည်။

နောက်ဆုံးအချက်အလက်များအရ ပြည်တွင်းတွင် ယွမ်ငွေနှင့် ဒေါ်လာလဲလှယ်မှုပမာဏသည် အောက်တိုဘာ လတွင် ယွမ် ၁ ဒသမ ၈၅ ထရီလီယံ (ဒေါ်လာ ၂၅၄ ဒသမ ဝ၅ ဘီလီယံ) စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်း သွားပြီး သြဂုတ်လအဆင့်ထက် ၇၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

တရုတ်ပြည်သူ့ဘဏ်က အဓိကဘဏ်များကို လဲလှယ်မှုကန့်သတ်ရန်နှင့် ဖောက်သည်များအား ယွမ်အား ဒေါ်လာနှင့် လဲလှယ်ရန် တားမြစ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် တရုတ်မှ နိုင်ငံခြားငွေထွက်နှုန်းသည် ဒေါ်လာ ၇၅ ဘီလီယံအထိ သိသိသာသာ မြင့်တက်ခဲ့ပြီး ၂၀၁၆ခုနှစ်နောက်ပိုင်း တစ်လအတွင်း အများဆုံးဖြစ်ကြောင်း Goldman Sachs ၏ အချက်အလက်များက ဖော်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required