နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၈ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၈ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၈ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပအပြင် တောင်ဥက္ကလာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်းနှင့် မရမ်းကုန်းမြို့နယ်တို့အား Stay at Home မြို့နယ်များအဖြစ် စစ်အုပ်စုက ကြေညာထားသည်။

• လှည်းကူးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်ခန်းဘုန်းအား ဇူလိုင်လ ၆ ရက်က စစ်အုပ်စုက နေအိမ်၌ ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် အသက် ၅၀ ကျော်အရွယ် ဖခင်ဖြစ်သူအား ဖမ်းဆီးသွားသည်။ 

• ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၅) ရပ်ကွက်၊ ဗေဒါ (၂) လမ်းရှိ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး ခင်မောင်သန်းဆိုသူနေ အိမ်အတွင်း လူငယ်နှစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း အရပ်ဝတ်ဖြင့် ကင်းလှည့်နေသည့် ရဲတပ်ကြပ် မျိုးမြင့်၊ ရဲတပ်သားပြည့်ဖြိုးဝေ၊ ရာအိမ်မှူးတို့ ရောက်လာကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်းနှင့် ရဲတပ်သား ပြည့်ဖြိုးဝေတို့ ဒဏ်ရာရရှိခဲ့ကာ လာရောက်ပစ်ခတ်သူနှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးမိကာ တစ်ဦး လွတ်မြောက်သွားသည်။ 

• ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ယခင် အတွင်းဝန်ရုံးနေရာတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပေါက်ကွဲမှုဖြစ်ချိန်တွင် အဆိုပါရုံးအတွင်း အာဇာနည်နေ့ကျင်းပရန်အတွက် အကြိုစစ်ဆေးမှုပြုလုပ်နေသူများ ရောက်ရှိနေချိန်လည်း ဖြစ်ကာ ထိခိုက်မှုရှိ၊ မရှိကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• ကမာရွတ်မြို့နယ်အတွင်းတွင် လျှပ်စစ်ဝန်ထမ်းများက လက်နက်ကိုင် ရဲနှင့် စစ်သားများနှင့်အတူ မီတာခမဆောင်သည့် နေ အိမ်များအား တစ်အိမ်တက်ဆင်း မီတာခလိုက်လံကောက်ခံနေကြောင်း သိရသည်။ 

• ရန်ကုန်မြို့နယ်တွင်းရှိ လျှပ်စစ်ရုံးများတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့တွင် လှိုင်သာယာ FMI အနီးရှိ လျှပ်စစ်ရုံးနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တာမွေ လျှပ်စစ်ရုံးတို့တွင် လက်နက်ကိုင်စစ်သားနှင့် ရဲများ လုံခြုံရေးယူထားလျက် ရှိသည်။ 

• စစ်အုပ်စုနစကဝန်ကြီး ဒေါ်သက်သက်ခိုင်၏ လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်တွင် နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရောင်းဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

• လမ်းမတော်မြို့နယ် ကျုံးကြီးလမ်းနှင့် မဟာဗန္ဓုလလမ်းမကြီးပေါ်တွင် ညနေ ၄ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက အိမ်စီးကားများအပြင် ဘတ်စ်ကားများပေါ်အထိပါ တက်၍ စစ်ဆေးမှုများပြုလုပ်ကာ လုံခြုံရေးတင်းကြပ်ထားလျက် ရှိသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ရရှိရေးအတွက် လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ စိန်ပန်း၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ သပိတ်စစ်ကြောင်းတို့အပြင် မြို့နေပြည်သူများ ပါဝင်သည်။ 

• မန်း ဘုရားကြီးသပိတ်စစ်ကြောင်းနှင့် မန္တလေးလူငယ်များသပိတ်စစ်ကြောင်း၊ အရမ်းညီတဲ့ ချမ်း/စည် သပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ လူအင်အားအများအပြားဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် ၆၆ လမ်းမကြီးပေါ်အထိ ချီတက်လှည့် လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြင်းခြံနည်းပညာကောလိပ်ကျောင်းသားသမဂ္ဂ – ဗကသများအဖွဲ့ချုပ် လူငယ်များကလည်း ယနေနံနက်ပိုင်းတွင် မြင်းခြံမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ လမ်းလယ်ကျွန်းအကာအရံများတွင် "စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ" ဟု ရေးသားထားသည့် ဗီနိုင်များကပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြသခဲ့ကြသည်။ 

• မိုးကုတ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ မသော်သော်အား စစ်အုပ်စုက မဖမ်းမိသဖြင့် ဧပြီလ ၂၆ ရက်တွင် နေအိမ်သို့ စီးနင်းကာ မိဘနှစ်ပါးနှင့်အတူ ယောက်မဖြစ် သူတို့ကို ဓားစာခံဖမ်းဆီးပြီးနောက် ဇွန်လ ၃၀ ရက်က ယောက်မဖြစ်သူကို ပြန်လွှတ်ပေးကာ မိဘနှစ်ဦးကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။ 

• မြင်းခြံမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက်ရှိ Alliance ငွေစုငွေချးရုံးသို့ စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းကာ ဝန် ထမ်းတစ်ဦးဖြစ်သည့် ကိုစည်သူအား ဖမ်းဆီးသွားကြောင်းနှင့် အမှတ် (၁၈) ရပ်ကွက်ရှိ နေပြည်တော်ကိတ်မုန့်လုပ်ငန်းကို ဝင်ရောက်စီးနင်းရာ လုပ်ငန်းရှင် ဖခင်ဖြစ်သူကို မတွေ့သဖြင့် သားဖြစ်သူအား ဖမ်းဆီးသွားသည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ 

ပဲခူးတိုင်းဒေသကြီး

• တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စု ကျောက်ပုထိုးကျေးရွာမှ စစ်မှုထမ်းဟောင်းနှင့် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်နိုင်အား ဇူလိုင်လ ၆ ရက် ည ၈ နာရီခန့်က ၎င်း၏ နေအိမ်သို့ အမည်မသိသူ သုံးဦး ဝင်ရောက်ကာ ပစ်ခတ် ခဲ့သဖြင့် သေဆုံးခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များက ရွာသို့ ရောက်လာကာ ယနေ့အထိ လုံခြုံရေးယူထားဆဲ ဖြစ်သည်။ 

• စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် လူထုထံမှ အခွန်လိုက်ကောက်နေသည့် စစ်အုပ်စုလက်အောက်ခံ ရုံးများအား ပစ်မှတ် ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပဲခူး) က ယနေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ထားသည်။ 

• ပဲခူးမြို့တွင် ပြည်သူလူထုအား ထိတ်လန့်စေရန် ဆောင်ရွက်နေသည့် အကြမ်းဖက်သမားများအား အထောက်အပံ့ပေးနေ သည်ဆိုကာ စီးပွားရေးလုပ်ငန်းရှင် ၃၃ ဦး စာရင်းအား ပဲခူး ပျူစောထီးအဖွဲ့က ထုတ်ပြန်ထားကာ NLD ထောက်ခံသူ အ ကြမ်းဖက်သမားအဖွဲ့များအနေဖြင့် ပဲခူးမြို့ပေါ်နှင့် အနီးတဝိုက်တွင် အကြမ်းဖက်မှုများ လုပ်လာပါက ၎င်းတို့အား လက်တုံ့ ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကသာမြို့နယ်၊ ဧရာကမ်းသာ အောက်ဆီဂျင်လှူဒါန်းရေးအသင်းမှ မခင်မျိုးသက်အပါအဝင် ၎င်းနှင့် ဆက်စပ်သည့် မိသားစုဝင်နှစ်ဦး၊ စျေးဆိုင်ဝန်ထမ်း အမျိုးသား လေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား စစ်အုပ်စုလက်နက်ကိုင်မျာက ဇူလိုင်လ ၄ ရက် ကတည်းက ဖမ်းဆီးထားရာ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိကာ ယနေ့နံနက်ပိုင်းကလည်း မန္တလေးမြို့ တွင် ဆေးကုသနေသည့် သူမ၏ ယောက္ခထီးဖြစ်သူကိုလည်း စစ်အုပ်စုလက်နက်ကိုင်များက ထပ်မံဖမ်းဆီးသွားသည်။ 

• ရေဦးမြို့၊ မကြီးတောလမ်းထိပ် ကြာပန်းအဝိုင်းအနီးတွင် ယမန်နေ့ညပိုင်း ၁၀ နာရီခွဲခန့်က ကင်းလှည့်လာသည့် စစ်အုပ်စု အိမ်စီးကား မိုင်းဆွဲတိုက်ခိုက်ခံရကာ ကားပျက်သွားချိန်တွင် အမည်မသိသူ ငါးဦးက တူမီးသေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သည့် အတွက် ရဲတပ်သား မျိုးဇော် သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်သူများဘက်ကလည်း တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ 

• မြောင်မြို့နယ်၊ ဆွဲလဲအိုရွာတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းနှင့် ၎င်းနှင့်အတူပါလာသူ ကိုရာဇာစိုး ဆိုသူတို့မှာ ယမန်နေ့က ရွာမှအထွက် ဖွားစောရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ပြီး အခင်းဖြစ်ပွားအပြီး နေ့လယ် ၁၂ နာရီခန့်တွင် စစ်အုပ်စုလက်နက်ကိုင်များက ရွာအတွင်း ဝင်ရောက်စီးနင်းကာ ရွာခံ ၁၀ ဦးခန့်ကို ဖမ်းဆီးသွား သည်။ 

• မုံရွာမြို့နယ်အတွင်း စစ်အုပ်စုလက်အောက်ခံ စည်ပင်နှင့် လျှပ်စစ်ဌာနတို့က စျေးခွန်နှင့် မီတာခများ လိုက်လံကောက်ခံနေ မှုအား ရပ်တန့်က ရပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက မိသားစုဆွေမျိုးများ၏ အသက်အန္တရာယ်ကိကု တာဝန်ယူမည် မဟုတ်ကြောင်း Monywe Heroes Group က ကြေညာထားသည်။ 

• ကလေးမြို့နေ ပြည်သူများက စစ်အုပ်စုပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကိုအာကာသူအောင် ကျဆုံးခဲ့မှု သုံးလပြည့်အနေ ဖြင့် ၎င်းကျဆုံးခဲ့သည့် နေရာတွင် ပန်းများ သွားရောက်ကြဲဖြန့်ခဲ့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။ 

• ကနီမြို့နယ်၊ အုမ္မရာတွင် အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်းက ညအိပ်ရပ်နားစဉ် ကျေးရွာလူထုပိုင် အိမ်မွေးတိရစ္ဆာန်များအား ဖမ်းဆီးစားသောက်ခြင်း၊ ရွာအတွင်း မွှေနှောက်စီးနင်းမှုများ ပြုလုပ်ပြီးနောက် ယနေ့ပိုင်းတွင် ညောင်လှ၊ ယင်းနှင့် ကုန်းသာကျေးရွာများဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ရက်ပေါင်း ၁၂၀ မြောက် သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• ဆောမြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ဇူလိုင်လ ၆ ရက်က ဝင်ရောက်စီးနင်းကာ ဆိုင်ကယ်အစီး ၂၀ ခန့်ကို သိမ်းဆည်းသွားပြီးနောက် ကျန်ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။ 

• မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ကိုရံ (တောင်) ကျေးရွာအုပ်စုရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးကောင်းမှာ ယမန်နေ့ ညနေပိုင်း ၄ နာရီခန့်က ဂျင်ကလိဖြင့် ခုနစ်ချက် ပစ်ခတ်ခံရသဖြင့် မကွေးဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။ 

• မြိုင်မြို့နယ် အခြေခံပညာထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန် ပြည်သူလူထု ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကျေးရွာများအတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• မြိုင်မြို့နယ် တောင်ပိုင်းဇုန် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းလည်း ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင် စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ရေနံချောင်းမြို့နယ်နေ လူငယ်အချို့ကလည်း "PDF များနှင့် ပြည်သူ့ဘက်မှစစ်သားများ ဘေးကင်းပါစေ" အပါအဝင် စစ် အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများ ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဂန့်ဂေါမြို့နယ်အား Stay at Home မြို့နယ်အဖြစ် စစ်အုပ်စုက ကြေညာထားသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာတွင် ယမန်နေ့ညပိုင်း ၁၁ နာရီခွဲခန့်မှ ယနေ့နံနက်ပိုင်း ၂ နာရီခွဲခန့်အထိ ရောင်းမော်စာသင်ကျောင်းတွင် လုံခြုံရေးယူထားသည့် ပြည်သူ့စစ်အဖွဲ့များအား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များက လာရောက်ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။

က်ခိုက်မှုများအပြီး စစ်ကားများ ရောက်လာခဲ့ရာ အဆိုပါစစ်ကားများ မိုင်းခွဲတိုက် ခိုက်ခံခဲ့ရကာ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားပြီးနောက် PDF ဘက် နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရပြီး စစ်အုပ်စုဘက်က ထိခိုက်မှုအခြအနေကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ ပစ်ခတ်မှုများအပြီး နံနက်ပိုင်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာ တွင်းနေအိမ်များအား ဝင်ရောက်စီးနင်း စစ်ဆေးမှုများ ပြုလုပ်ကာ ရွာသားလေးဦးအား ဖမ်းဆီးထားသည်။ 

• ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားလူငယ်သပိတ်စစ်ကြောင်းတို့ကလည်း ယနေ့နံနက်ပိုင်းတွင် စစ်အာဏာ ရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ် တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည် သံဗုံးတီး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက လိုက်လံဖြိုခွင်းခဲ့သော်လည်း ဖမ်းဆီးခံရသူမရှိခဲ့ပေ။ 

• လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာနေ ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် "စစ်ဖိနပ်အောက် ငါတို့ ဒူးမထောက်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ သကျက်တောနှင့် မောင်းမကန်ကျေးရွာနေ ပြည်သူများကလည်း ကျေးရွာသပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်နေ ကျောင်းသားလူငယ်နှင့် ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် မြို့နယ်တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနား-ဝိုင်းမော် ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားတွင် ယမန်နေ့ညနေပိုင်း ၅ နာရီခန့်က ဝိုင်းမော်ဘက်က မောင်းနှင်လာသည့်ကားတစ်စီးအား စစ်အုပ်စုလက်နက်ကိုင်များက တားဆီးရာ မရပ်ပေးသည့်အတွက် ပစ်ခတ်ခဲ့ရာ ကားအား မထိမှန်ဘဲ တံတားအနီး တိုးဂိတ်တွင် စျေးရောင်းနေသည့် မိုင်းနား၊ မခေါယာန်ရွာမှ မမီးဆိုသူ ကျည်ဆံထိမှန် သေဆုံး ခဲ့သည်။ 

• ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ရျိ မူလတန်းလွန်ကျောင်းရှေ့ တံတားအောက်တွင် ယမန်နေ့ညပိုင်း ၈ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

• ဖားကန့် လုံးခင်းကျေးရွာအုပ်စုနေ ပြည်သူများကလည်း "ငါတို့ခေတ်မှာ အာဏာရူးတွေအတွက် နေရာမရှိစေရ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်၍ လူအင်အားအများအပြားဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျေးရွာတွင်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း "ယခုတိုက်ပွဲသည် စစ်အာဏာ ဖက်ဆစ်အုပ်စု နောက်ဆုံး ဖြစ်ရမည်" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်မြို့ပေါ်တွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပူတာအိုမြို့ အထက်တန်းကျောင်းတွင် ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူး၏ ကလေး၌ ကိုဗစ်ကူးစက်မှု ဖြစ်ပွားပြီးနောက် ကျန် ကလေးငယ်များ ကျောင်းမတက်ရောက်တော့သည့်အတွက် ကျောင်းကို ပိတ်ထားလိုက်ရကာ အဆိုပါကျောင်းတွင် ပညာ သင်ကြားနေသည့် ကလေးငယ် ၆၀၀ ခန့်ရှိသည်။ 

• မိုးကောင်းမြို့နေ ပြည်သူများကလည်း "စစ်ဖိနပ်အောက် ငါတို့ ဒူးမထောက်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ လွှင့်ထူကိုင်ဆောင်ကာ အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• နမ္မတီးမြို့ခံများကလည်း နွေဦးတော်လှန်ရေးအလံများ လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• ဘောလခဲမြို့နယ်တွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ ပြည်သူနှင့် တစ်သားတည်းရပ်တည်၍ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၄၂ ဦးအား စစ်အုပ်စုက ရာထူးမှ ထုတ်ပယ်ပစ်လိုက်သည်။ 

• ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်နှင့် လီဝိုကျေးရွာတို့မှ ဒေသခံများက မြို့နယ်တွင်း တိုက်ပွဲများဖြစ်စဉ်က ဆင်တောင်ကျေးရွာ အုပ်စုအတွင်း၌ တိမ်းရှောင်နေခဲ့ရာက ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးသည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင် သိရသည်။ 

ကရင်ပြည်နယ်

• ကိုဗစ်ကူးစက်မှုများကြောင့် ကျောင်းမဖွင့်ရန် တိုက်တွန်းနေသည့်ကြားကပင် ဖွင့်လှစ်ခဲ့သည့် ကရင်ပြည်နယ်တွင်းရှိ အခြေခံ ပညာကျောင်းများအား ယနေ့မှစ၍ ဇူလိုင်လ ၁၆ ရက်အထိ ယာယီပိတ်ထားရန် စစ်အုပ်စုက ညွှန်ကြားစာ ထုတ်ထားသည်။ 

• မြဝတီမြို့နယ်တွင် ကိုဗစ်ကူးစက်သူ ၅၅၀ ကျော်ရှိကာ ကိုဗစ်စင်တာ၌ ကုသမှုပေးမှုများရှိသော်လည်း စားစရိတ်အဖြစ် တစ်ရက်လျှင် ၃၅၀၀ ကျပ်နှင့် ကိုဗစ်စစ်ဆေးခ နှစ်ကြိမ်အတွက် ၂၀၀၀၀ ကျပ်စီ ကောက်ခံလျက်ရှိသည်။ 

ချင်းပြည်နယ်

• စစ်အုပ်စုအား ရရာလက်နက်စွဲကိုင်၍ နည်းမျိုးစုံဖြင့် ခုခံကာကွယ်နေသည့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Chinland Defense Force ဖွဲ့စည်းခြင်းကို ထောက်ခံပြီဖြစ်ကြောင်းနှင့် ရွေးကောက်ခံကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချက် များအား သေချာစွာ လေ့လာဆန်းစစ်ခြင်းမပြုဘဲ မြို့နယ် CDF တပ်ဖွဲ့များ၏ သဘောထားဆန္ဒမယူဘဲ CDF Headquarter က ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် အထင်လွဲမှားမှုများ ဖြစ်ပေါ်နေကာ စည်းလုံးညီညွတ်မှုပျက်ပြားနိင်သော ရေးသားပြောဆိုထုတ်ပြန်ခြင်းကို အထူးသတိပြုရန် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ - CRCH က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ CDF ဗဟိုက ချင်းပြည်နယ်အတွင်း ရွေးကောက်ခံအမတ်အချို့က ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ - PDF လက်အောက်ဝင်မှသာလျှင် ထောက်ပံ့မှုပေးသွားမည်ဟု စည်းရုံးနေမှုများ ရှိနေသည့်အတွက် မပြုလုပ်ရန်နှင့် PDF အမည်ဖြင့် တပ်ဖွဲ့များ ထပ်မံဖွဲ့စည်းခြင်းမပြုရန် ဇူလို်ငလ ၃ ရက်က သတိပေးစာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် CDM မလုပ်သူအား ကန့်ကွက်ကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မော်လမြိုင်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အုပ်စုက လက်နက်ထောင်ပံ့ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များက NLD အလုပ်အမှုဆောင် ဦးစိုးဝင်းအောင်အပါအဝင် ၁၁ ဦးအား အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်ကာ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု စွပ်စွဲကာ အေးအေးဆေးဆေးနေကြရန် ပါရှိသည့် ခြိမ်းခြောက်စာဗီနိုင်းများ လိုက်လံ ကပ်ထားလျက်ရှိသည်။ 

• မော်လမြိုင်၊ သံဖြူဇရမ်နှင့် သထုံမြို့နယ်တို့အား စစ်အုပ်စုက Stay at Home မြို့နယ်များအဖြစ် ကြေညာထားသည်။ 

ရခိုင်ပြည်နယ်

• ရခိုင်စစ်ဘေးရှောင်စခန်းများအတွက် ရိက္ခာဝယ်ယူရာတွင် ဘဏ်ငွေထုတ်မှုများအား အကန့်အသတ်ဖြင့်သာ ထုတ်ခွင့်ပေးသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေရသည်။ 

ရှမ်းပြည်နယ်

• မြန်မာ့တပ်မတော်အရာရှိများဟု လိပ်မူကာ စစ်အုပ်စုခေါင်းဆောင်များ လက်အောက်တွင် ပြည်သူလူထုအနေဖြင့် တရားမျှတမှုမရှိဘဲ အသက်ဆုံးရှုံးနေသည့်အတွက် လူထုအား အတူလက်တွဲကယ်တင်လိုပါသည်ဟုဆိုကာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအောင်း - TNLA၊ ကိုးကန့် - MNDAA နှင့် ရခိုင် ULA/AA တပ်သားများပုံပါသည့် စာရွက်အား ယမန်နေ့က ကွတ်ခိုင်မြို့နယ် မန်လွယ်ကျေးရွာ၌ ဆိုင်ကယ်စီးလာသူက လာရောက်ကပ်သွားခဲ့သည်။ 

• ကျောက်မဲမြို့နယ်၊ လွယ်အံတင်းကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်း ၁၂ နာရီခွဲခန့်က တောင်ယာအသွားလမ်းတွင် မည်သည့်အဖွဲ့အစည်းက ထောင်ထားမှန်းမသိသည့် မိုင်းပေါက်ကွဲရာ ဒေါ်အေးမိန်ဆိုသူမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်အေးပိန်ဆိုသူမှာ ထိခိုက်ပြီးနောက် အိမ်အရောက်တွင် သေဆုံးခဲ့သည်။ 

• ရှမ်းပြည်မြောက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် - SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေမှုများအား စစ်ရေးနည်းဖြင့် ဖြေရှင်းပါက ပြဿနာပိုမိုကျယ်ပြန့်လာမည်ဖြစ်၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဝိုင်ဝန်းကြိုးပမ်းဆောင်ရွက် ဖြေရှင်းစေလိုကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ - RCSS/SSA က ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။ 

• တအာင်းဒေသ နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စုလက်အောက်ခံ စည်ပင်ဌာနက စစ်တပ်အာဏာသိမ်းပြီးနောက် ကောက်ခံခြင်း မပြုလုပ်သည့် ရေမီတာခများအား ခြောက်လစာ တစ်ပေါင်းတည်းပေးဆောင်ရန် ဖိအားပေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိသည်။ 

• နမ့်ခမ်းမြို့နေ လူငယ်အချို့ကလည်း ရောင်စုံစက္ကူများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကိုင် ဆောင်၍ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

နေပြည်တော်

• နော်ဝေအခြေစိုက် ဆက်သွယ်ရေးလုပ်ငန်းက မြန်မာပြည်ရှိ လုပ်ငန်းများအား လက်ဘနွန်အခြေစိုက် M1 Group သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။ အဆိုပါ M1 Group သည် စစ်တပ်ပိုင် Mytel ကုမ္ပဏီအတွက် တာဝါတိုင်များ ဆောက်လုပ်ပေးခဲ့သည့် Irrawaddy Green Tower – IGT ကုမ္ပဏီ၏ ရှယ်ယာအများစုကိုလည်း ပိုင်ဆိုင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။ 

• ကမ္ဘာကျော် ကားတာယာထုတ်လုပ်ရေးကုမ္ပဏီ BRIDGESTONE ကလည်း မြန်မာပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဇူလိုင်လကုန်မှစ၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။ 

• စစ်တပ်အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့ရာ ဇူလိုင်လ ၇ ရက်အထိ ၈၉၇ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားသည်။ 

• Corona Virus Disease 2019(COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင်အား ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ယနေ့နေ့စွဲဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• စစ်အုပ်စု အာဏာသိမ်ပြီးနောက် Google က တစ်ကိုယ်ရည် ပုဂ္ဂလိကအသုံးပြုမှုကလွဲ၍ မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့် ပညာရေးကဏ္ဍတို့တွင် Google Service အသုံးပြုခွင့်ကို ရပ်ဆိုင်းကန့်သတ်လိုက်ပြီ ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အာဏာရှင်စနစ် ရှိနေသည့် ကျူးဘား၊ မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား၊ ခရိုင်းမီးယားစသည့် နိုင်ငံများကိုလည်း Google Service အသုံးပြုခွင့် ပိတ်ပင်ထားသည်။ 

• စစ်အုပ်စုက ၎င်းလက်အောက်ခံ ဗဟိုဘဏ်မှတစ်ဆင့် အမေရိကန်ဒေါ်လာခြောက်သန်းအား လေလံစနစ်ဖြင့် ထပ်မံရောင်း ချခဲ့ပြီး ပြီးခဲ့သည့် သုံးရက်ကလည်း တစ်ရက်လျှင် သုံးသန်းစီဖြင့် ထုတ်ရောင်းထားသေးသည်။ 

ဇူလိုင် ၈ သုံးသပ်ချက်

• ရန်ကုန်တွင် ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် လမ်းပေါ်တက် လူထုဆန္ဒပြပွဲများ ငြိမ်သက်နေသော်လည်း စစ် အုပ်စုလက်အောက်ခံ လျှပ်စစ်ရုံးများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ရှိခဲ့သည်။ စစ်အုပ်စုဝန်ကြီးဖြစ်သူ ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော်ရွှေဆိုင်ကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ဖောက်တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကာ စစ်အုပ်စုက မြို့လယ်ခေါင်၌ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ ရန်ကုန်တွင် စစ်အုပ်စုဒလန်ရှင်းလင်းရေး လုပ်ငန်းများ အားကောင်းကောင်းဖြင့် ဖြစ်နေကာ သေဆုံးမှုများလည်း ရှိနေသည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်များ အားကောင်းနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားမှု များ ရှိနေဆဲဖြစ်ကာ ဖမ်းဆီးလိုသူများအား မမိပါက မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများ ဆက်လက် ပြုလုပ်လျက်ရှိသည်။ 

• လမ်းပေါ်တက် လူထုဆန္ဒပြပွဲများ အားကောင်းသည် တနင်္သာရီတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် စစ်အုပ်စုအကြား လက်နက်ကိုင်တိုက်ပွဲများ စတင်ဖြစ်ပေါ်လာနေသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များတွင် လူထုသပိတ်များ အားကောင်းနေဆဲ ဖြစ်ကာ ကိုဗစ်ကူးစက်မှုမြင့်မားနေသည့် ရှမ်းပြည်နယ်တွင်မူ သပိတ်များ မရှိသလောက် နည်းပါးလာလျက်ရှိသည်။ 

• စစ်အုပ်စုက ဒေါ်လာစျေးမတက်ရန်လုပ်ဆောင်နေသည်ဟုဆိုသော်လည်း နေ့စဉ်ရက်ဆက် စျေးနှုန်းအမြင့်ဖြင့် ဒေါ်လာများ ဆက်တိုက်ရောင်းချနေသည်။ ပြည်တွင်းငွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စုက လက်နက်ကိုင်တပ်ဖွဲ့များပါ သုံး၍ မီတာခအပါအဝင် အခွန်များအား ဖိအားပေးကောက်ခံမှု ပြုလုပ်လာနေသည်။ စစ်အုပ်စုဘက်က ပြည်တွင်းသို့ နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေဆဲ ဖြစ်သည်ဟု ဝါဒဖြန့်လိမ်လည်နေကာ ဆယ်စုနှစ် တစ်ခုနီးပါး လုပ်ကိုင်နေသည့် နိုင်ငံတကာစီးပွားလုပ်ငန်းအချို့ ရုပ်သိမ်းကုန်ပြီဖြစ်သည်။ စစ်အုပ်စုတွင် တရားဝင်မှုနှင့် ပတ်သက်၍ နိုင်ငံတကာဖိအားများ ရှိနေဆဲဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly