ယင်းမာပင်နှင့်ဆားလင်းကြီးမြို့နယ်မှ အမျိုးသားနေ့ လူထုသပိတ်

By ပါခွီး(မဇ္စျိမ)
07 December 2023
ယင်းမာပင်နှင့်ဆားလင်းကြီးမြို့နယ်မှ အမျိုးသားနေ့ လူထုသပိတ်
ပုံအညွှန်း - ယနေ့ချီတက်ခဲ့သည့် သပိတ်စစ်ကြောင်း ၊ ဓါတ်ပုံ/ယင်းမာပင်- ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ကော်မတီ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယ‌နေ့ ဒီဇင်ဘာလ ၇ ရက် အမျိုးသားနေ့တွင် ကျင်းပခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ထုကိုမှီ၊အားကိုစု ၊ခေတ်ကိုထူဖို့သမိုင်းကိုတု” ဆိုသည့် စာတမ်းကိုင်စွဲပြီးစစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံ များဟစ်ကြွေးချီတက်ခဲ့ကြသည်။

ပုံအညွှန်း - ယနေ့ချီတက်ခဲ့သည့် သပိတ်စစ်ကြောင်း ၊ ဓါတ်ပုံ/ယင်းမာပင်- ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ကော်မတီ

" ထုကိုမှီ၊ အားကိုစု၊ ခေတ်ကိုထူဖို့ သမိုင်းကိုတု ဆိုတာ ကျောင်းသားထုအားနဲ့ တိုင်းပြည်အရွေ့ကိုဖော်ဆောင်မယ်။ လဲပြိုနေတဲ့ခေတ်ကြီးကို သမိုင်းက ကျောင်းသားတို့ထုံး နှလုံးမူပြီး တိုက်ပွဲဝင်ကြမယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်” ဟု ရွာပေါင်းစုံသပိတ်ဦးဆောင်သူတဦးက မဇ္စျိမကိုပြောသည်။

ယနေ့ပြုလုပ်သည့် လူထုသပိတ်တွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ(SURC)၏ အမျိုးသားနေ့သမိုင်းလက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပုံအညွှန်း - ယနေ့ချီတက်ခဲ့သည့် သပိတ်စစ်ကြောင်း ၊ ဓါတ်ပုံ/ယင်းမာပင်- ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ကော်မတီ

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၈၇ ရက်မြောက် ချီတက်ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required