“အညာက တော်လှန်ရေး ရပ်လိုက်ရင် နွေဦးတော်လှန်ရေးဟာ ပြီးဆုံးသွားနိုင်တယ်” ( ရုပ်သံ)

By MTO (မဇ္စျိမ)
03 August 2023
“အညာက တော်လှန်ရေး ရပ်လိုက်ရင် နွေဦးတော်လှန်ရေးဟာ ပြီးဆုံးသွားနိုင်တယ်” ( ရုပ်သံ)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အညာဒေသဟာ စစ်ကောင်စီ က ထင်မှတ်မထားလောက်အောင်ကို စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အစွမ်းကုန် တော်လှန်နေကြပါတယ်။

ဒီလိုတော်လှန်နေတဲ့ အပေါ် စစ်ကောင်စီတပ်ဘက်ကလည်း အညာဒေသကို အစွမ်းကုန် နည်းလမ်းမျိုးစုံနဲ့ နှိမ်နင်းနေ လို့ အခုဆို အညာဒေသက ရွာတွေဟာ မီးလောင်ပြင်တွေ ဖြစ်နေရပြီး စစ်ဒဏ်ကို အတော်လေးခံစားနေရပါတယ်။

နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အညာဒေသမှာ လက်ရှိတော်လှန်ရေးသာ ရပ်တန့်သွားပါက နွေဦးတော်လှန်ရေးဟာ ပြီးဆုံသွားနိုင်တယ်လို့  ရေစကြို မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက မဇ္ဈိမကို ပြောပါတယ်။

တင်ဆက် ၊ တည်းဖြတ် = MTO
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required