ပြည်တွင်း၌ တိုက်ပွဲများ အရှိန်မြင့်ခြင်းကြောင့် နေရပ်ရွှေ့ပြောင်းသူ ၅၀၀,၀၀၀ ကျော်အထိ ရှိလာ

By Nikkei Asia
06 December 2023
ပြည်တွင်း၌ တိုက်ပွဲများ အရှိန်မြင့်ခြင်းကြောင့် နေရပ်ရွှေ့ပြောင်းသူ ၅၀၀,၀၀၀ ကျော်အထိ ရှိလာ
Photo-AFP

အောက်တိုဘာနှောင်းပိုင်းက မြန်မာအာဏာသိမ်းစစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဓိက ထိုးစစ်ကြီးဆင်နွှဲချိန်မှစကာ မြန်မာနိုင်ငံတွင် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူပေါင်း ၅၀၀,၀၀၀ ကျော်ထက်မနည်း ရှိသည်။

ဆိုးဝါးလာသော လူသားချင်း စာနာထောက်ထားရေး ကပ်ဘေးအတွက် စိုးရိမ်ပူပန်နေရသည့်ကြားတွင် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရုံးက သောကြာနေ့တွင် စာရင်းသစ် ထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာမသိမ်းခင်၌ ခိုလှုံရာအိမ်ရာမဲ့ ဖြစ်ရသည့် ပြည်သူများအပါအဝင် မြန်မာနိုင်ငံတွင် အောက်တိုဘာနှောင်းပိုင်းမှစပြီး နေရပ်ရွှေ့ပြောင်းရသူပေါင်း စုစုပေါင်း နှစ်သန်းဝန်းကျင် ရှိနေသည်။

မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် နေရပ်ရွှေ့ပြောင်းရသူ ပြည်သူပေါင်း အောက်တိုဘာမှစကာ အများဆုံးဖြစ်ပြီး ၈၂,၀၀၀ ဝန်းကျင် ရှိသည်။ မကြာသေးသော တိုက်ပွဲများ၌ နိုင်ငံအနှံ့ အရပ်သားပြည်သူ ၂၈၃ ဦး သေဆုံးပြီး ၃၃၄ ဦး ထိခိုက်ဒဏ်ရာရသည်။

MNDAA အပါအဝင် မဟာမိတ် သုံးဖွဲ့သည် အောက်တိုဘာ ၂၇ ရက်တွင် စစ်တပ်အား တိုက်ပွဲများ ဆင်ပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်တွင် ဖြစ်သည်။

တိုက်ပွဲက အခြားသော ဒေသများကိုပါ ပျံ့နှံ့ကာ ၂၀၂၁ ဖေဖော်ဝါရီတွင် ရွေးကောက်ခံ အစိုးရအား ဖယ်ရှားပြီး အာဏာသိမ်းယူခဲ့သည့် စစ်တပ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကြခြင်းများလည်း ရှိသည်။

အာဏာသိမ်းစစ်တပ်သည် နယ်မြေတော်တော်များများ၌ တိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်ပြီး တိုက်လေယာဉ်များနှင့် လက်နက်ကြီးများကို သုံးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်( PDF )ကလည်း ထိုးစစ်၌ ပါဝင်ခဲ့သည်။

စစ်တပ်၏ ဖြုတ်ချခြင်း ခံရသော အစိုးရမှ တာဝန်ရှိသူများ အပါအဝင်ဖြစ်သည့် NUG က မကြာသေးသော တိုက်ပွဲများကြောင့် စစ်အာဏာသိမ်းအုပ်စုသည် ပြိုလဲလုနီး ဖြစ်နေပြီဟု ပြောဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required