နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ မေ ၂၀၂၁)
(Photo: : CJ - မေလ ၃ ရက်၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စစ်ကောင်စီအားအလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု)

ရန်ကုန်တိုင်းဒေသကြီး

• NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်လုပ်ကိုင်နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်း NLD AIDS    Center တွင် ကုသမှုခံယူနေသည့် ART ဆေးသောက်နေရသူ ကလေး သုံးဦးနှင့် အခြားဆေးကုသရန် ရောက်လာသူ ကိုးဦးကို အကြမ်း ဖက်စစ်အုပ်စုဘက်က ယမန်နေ့က ဖမ်းဆီးသွားသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများအနက် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက် ပြီဖြစ်ကာ ရန်ကုန်အလုပ်သမားဆေးရုံမှ CDM ဝန်ထမ်းတစ်ဦး နှင့် ART ဆေးသောက်သုံး နေရဆဲ လူနာတစ်ဦးကိုမူ ဆက်လက်ဖမ်းဆီးထားသည်။

• စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတွင် အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်ကွက်တွင်းရှိ သတင်းပေးများနှင့်အတူ အင်အားသုံး ရှာဖွေဖမ်းဆီးမှုများကို ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့ရာ မြေနီကုန်းစျေးလမ်းမှ ခြောက်ဦး၊ သုခလမ်းနှင့် မပိုလမ်းတို့မှ တစ်ဦးစီ ဖမ်းဆီးခံခဲ့ရသည်။

• မြောက်ဒဂုံမြို့နယ် ဒဂုံရွှေပြည်စျေး (၃၀) နှင့် ကျောင်းအချို့ရှေ့တွင် ဒေခံများက စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း Paper Strike ပြုလုပ်၍ အာရုဏ်ဦးသပိတ် ဆင်နွှဲခဲ့သည်။

• ယနေ့နံနက် ၁၁ နာရီကလည်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့တွင် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ရန်ကုန်၊ ကြည့်မြင်တိုင်လူငယ်များက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အနက်ရောင်အိင်္ကျီများ ဆင်တူဝတ်ကာ လမ်းမများပေါ်တက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် စစ်ကျွန်ပညာ ရေးအလိုရှိကြောင်း ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံသပိတ်ကိုလည်း ပြုလုပ်ခဲ့သည်။

• လှည်းတန်းစျေးအနီးတွင် ရန်ကုန်လူငယ်များက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကာ တာယာကွင်းများအား လမ်းမကြီးပေါ်၌ မီးပုံရှို့ခဲ့ကြသည်။

• တောင်ဥက္ကလာပ လူငယ်များကလည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း "ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံ" သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း စက္ကူလေယာဉ်ပျံသပိတ်ကို ယနေ့ နေ့လယ် ၃ နာရီခန့်က ပြုလုပ်ခဲ့သည်။

• မြောက်ဥက္ကလာပလူငယ်များကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး

• မိုးကုတ်တွင် ယမန်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့်အတွက် ဖမ်းဆီးခံရသူ ပြည်သူ ၁၀ ဦးကျော်နှင့် မိုးကုတ်မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းများမှာ စေတနာ့ဝန်ထမ်း ၃၀ ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

• မန္တလေးရှိ မြို့တော်ဆေးရုံအနေဖြင့် စစ်အုပ်စု၏ မတရားသည့်အမိန့်များအား နာခံနေသည့် ကာလပတ်လုံး အစိုးရဝန်ထမ်း မဟုတ်သည့် မြို့တော်ဆေးရုံမှ ပုဂ္ဂလိကဆရာဝန်များက ဆေးရုံတာဝန်များကို ယနေ့မှစ၍ လုံးဝ မထမ်းဆောင် နိုင်ပါကြောင်း ယမန်နေ့က ထု်တပြန်ကြေညာထားသည်။ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် CDM ဝင်ထားသည့် ဆရာဝန် တစ်ဦးအား ဆေးရုံအာဏာပိုင်များက အလုပ်မဆင်းရန် ဖိအားပေးရာမှ ကျန်သည့်ဆရာဝန်များ အလုပ်မဆင်းတော့ရန် စာထုတ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပတ်ခန့်ကလည်း မန္တလေးမြို့ပေါ်ရှိ တော်ဝင်နှင်းဆီဆေးရုံတွင် အထူးကုဆရာဝန် ကြီးများအား အလုပ်မဆင်းရန်အတွက် ဆေးရုံအု်ပချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည့်အတွက် အလုပ်မဆင်းမှုများ ဖြစ်ခဲ့သေး သည်။

• ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ ကြံ့ခိုင်ရေးရုံးတွင် ယနေ့နံနက် ၄ နာရီခွဲခန့်က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် နံနက် ၅ နာရီခွဲခန့်ကလည်း ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး တွင်လည်း လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့သေးသည်။ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်ကလည်း မန္တလေးတက္ကသိုလ်အနီးတွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှု တစုံတရာမရှိခဲ့ပေ။

• မန်း၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကျောင်းသားများက CDM မဝင်ဘဲ စစ်အုပ်စုအောက် ဆက်လက်လုပ်ကိုင်နေသည့် ဝန်ထမ်းများဓာတ်ပုံအား ကျောင်းအဝင်ဆိုင်းဘုတ်တွင် ကပ်ကာ Paper Strike ပြုလုပ်ခဲ့သည်။

• မန်းအခြေပြု စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကြီးများကလည်း ယနေ့နံနက်အစောပိုင်းတွင် တပ်ပေါင်းစုသပိတ်စစ်ကြောင်းဖွဲ့၍ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ တပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် ဘုရားကြီးငြိမ်းချမ်း ရေး၊ ပညာရေး၊ အ.ထ.က (၂၆) ကျောင်းသား/သူဟောင်း၊ အ.ထ.က (၇) ကျောင်းသား/သူဟောင်း၊ တမ္ပဝတီ၊ ဒေါင်းစစ် သည်များ ပါဝင်သည်။

• အောင်မြေသာစံတွင်လည်း ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်း ပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်း မဟာအောင်မြေ၊ စိန်ပန်းနှင့် အ.ထက (၂၄) ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းတို့ ပူးပေါင်းထားသည့် စုပေါင်းသပိတ် စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် လမ်းများပေါ်တက်ကာ စစ်အာဏာသိမ်းမှုကို အဆုံးတိုင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များ နေရာအနှံ့အပြားရှိနေသည့်ကြားကပင် မန်း စက်မှုစုပေါင်းသပိတ် စစ်ကြောင်းလည်း လမ်းပေါ်တက်လာကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

• ယနေ့နံနက်ပိုင်းကလည်း မန်း အင်ဂျင်နီယာသပိတ်စစ်ကြောင်းကလည်း လူအင်အားရာနှင့်ချီ စုပေါင်းကာ စစ်အုပ်စုအမိန်နဲ့ လုပ်ရပ်မှန်သမျှ ဆန့်ကျင်ကြောင်း "ဘူးသပိတ်" ပြုလုပ်ကာ လှည့်လည်ဆန္ဒပြခဲ့ကြသည်။

• မန်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.ကကျောင်းခွဲ (လ ၂၅) ရှေ့တွင် မြို့နယ်နေပြည်သူများက စစ်ကျွန်ပညာရေးစနစ် အလို မရှိကြောင်း စာရွက်များ ကပ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

• မန်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်တွင်လည်း ဒေသခံများက ဒေသတွင်းကျောင်းရှေ့များတွင် သွေးစွန်းကျောင်းစိမ်း အိင်္ကျီများ ချိတ်ဆွဲ၍ စစ်ကျွန်ပညာရေးအလိုမရှိကြောင်းစာများအား ဆေးနီများဖြင့် ရေး၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

• စဉ့်ကူမြို့နယ်တွင်လည်း ပညာရေးမိသားစုများက "အဖြူ/အစိမ်း ယာယီစွန့်ပစ်ခြင်း - ပြည်သူ့အစိုးရတက်မှ စာသင်ခန်းထဲ ပြန်ဝင်မယ်" စာများရေးကာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ကျောက်ဆည်ဒေသခံများနှင့် ဖွဲ့စည်းထားသည့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးအဖွဲ့က ကျောက်ဆည်မြို့နယ်အတွင်း စစ်အုပ်စုလက်အောက် တာဝန်ထမ်းဆောင်ရန် ပြင်နေသည့် CDM မဝင်သော ဆရာ/ဆရာမများ၏ အသက်အန္တရာယ်နှင့် အခြားထိခိုက်မှုများတွက် အာမ မခံနိုင်ကြောင်း ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

• မြို့သာမြို့တွင်လည်း ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သံဗုံးများတီး၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• CDM ဝန်ထမ်း အများအပြားရှိသည့် မြစ်ငယ်မြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက ဖိနှိပ်နေသည့်ကြားကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• တောင်သာမြို့၊ နန်းမြင့်ကျေးရွာတွင် ကျောင်းဖွင့်ရန်အတွက်ဟုဆိုကာ CDM မဝင်ထားသည့် ဆရာ၊ ဆရာမများနှင့် ပညာ ရေးဝန်ထမ်းများ ရောက်ရှိလာရာ ရွာခံများက ကန့်ကွက်ဆန္ဒပြနေစဉ် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာပြီး ပစ်ခတ် လူစုခွဲခဲ့ရာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

• မြင်းခြံ၊ အနိမ့်ရွာတွင် စစ်အုပ်စုဘက်က ကျေးရွာတွင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည့်အပြင် လမ်းသွားလမ်းလာ ပြည် သူများ ခေါ်ယူစစ်ဆေးခြင်းကိုလည်း နှစ်နာရီနီးပါးခန့် ပြုလုပ်ခဲ့သည်။

• မိတ္ထီလာ၊ အောင်ဆန်းမြို့သစ်ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းဖွင့်၍ ဆန္ဒပြခဲ့ ကြသည်။

• ပုဂံဒေသခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာတွင် ယနေ့မွန်းလွဲ ၁ နာရီခန့်က ဒေသခံများစုဝေးကာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်နေစဉ် ရဲတပ်ဖွဲ့ဝင် လေးဦး ရောက်ရှိလာကာ ဒေသခံများက ရွာတွင်းပေးမဝင်သဖြင့် အင်အား ၄၀ ခန့်ဖြင့် စစ်သားများ ရောက်လာကာ ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရသူအချို့နှင့် ဖမ်းဆီးခံရသူအချို့ရှိခဲ့ကြောင်း သိရသည်။

• စစ်အုပ်စု လုံခြုံရေးအထပ်ထပ် ချထားသည့် အိုးဘိုထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား ချီးကျူးဂုဏ် ပြုသည့်အနေဖြင့် တကသကျောင်းသားများက ယနေ့ နေ့လယ်ပိုင်းက ထောင်ဘေးသို့ သွားရောက်ကာ အသံတိတ်ဝမ်းနည်းခြင်းသပိတ် ပြုလုပ်ခဲ့သည်။

• မန်း သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာလည်း ယနေ့ နေ့လယ်ပိုင်း မြို့တွင်းလမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ်ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်းအခြေစိုက် Voice of Myanmar – VOM သတင်းဌာန တည်ထောင်သူနှင့် သတင်းသမားတစ်ဦး ဖမ်းဆီးခံရပြီး တစ်ပတ် အကြာ ယနေ့တွင် သတင်းတင်ဆက်မှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပဲခူးတိုင်းဒေသကြီး

• ဖြူး၊ ကညွတ်ကွင်းဒေသခံများက ဒေသတွင်းကျောင်းများတွင် နွေဦးတော်လှန်ရေး၊ စစ်ကျွန်ပညာရေး အလိုမရှိစာများအား ဆေးနီများဖြင့် ရေးဆွဲ၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

• ပဲခူးလူငယ်များကလည်း "ပဲခူးဆိုတာ ဒါမျိုး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ပဲခူးမြို့၊ ဆိုရှယ်လစ် (၂) လမ်းထိပ် စစ်တပ်နှင့် ရဲကင်းချထားသည့် နေရာအနီးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ အကြမ်းဖက် စစ်အုပ်စုဘက်က တစ်နာရီခန့် လမ်းပိတ်ဆို့ထားခဲ့ပြီး ရှင်းလင်းမှုများ လုပ်သွားခဲ့ကြောင်းသိရသည်။

• ထန်းတပင်မြို့နယ်၊ ပျဉ်ဂန်းကျေးရွာတွင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ဒီပဲယင်းဒေသခံများက ယနေ့နံနက်ပိုင်းတွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်းစာများအား မြို့ပေါ်ကျောင်းများတွင် ကပ်၍ စစ်အာဏာရှင် လုပ်ဆောင်မှုမှန်သမျှ ဆန့်ကျင်တော်လှန်ခဲ့သည်။

• စစ်ကိုင်းမြို့ပေါ်ရှိ ကျောင်းများတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများကပ်ကာ ဆန့်ကျင်တော်လှန်ခဲ့သည်။

• မုံရွာတွင် CDM ဝင်ထားသည့် ဆရာ/ဆရာမမများက စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း မြို့ပေါ်ကျောင်း များရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဆားလင်းကြီး၊ ဖောင်းကားကျေးရွာတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/သူများက ကျောင်းစိမ်းဝတ်စုံများ ဆင်တူဝတ်ဆင်ကာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကလေးမြို့တွင် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ရင်း အကြမ်းဖက်စစ်အုပ်စုဘက်က ပစ်ခတ်မှုကြောင့် ပထမဆုံး ကျဆုံးခဲ့ရသည့် မောင်ဇင်မျိုးမောင်အတွက် နှစ်လပြည့် ကုသိုလ်ပြုပွဲအား ကလေးမြို့ပေါ် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ မောင်ဇင်မျိုးအောင်မှာ မတ်လ ၃ ရက်က အကြမ်းဖက်စစ်အုပ်စုဘက်က လူမဆန်စွာ ပစ်သတ်ခဲ့သဖြင့် ကျဆုံးခဲ့ရသူ ဖြစ်သည်။

• စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ကလေးမြို့ဒေသခံသပိတ်စစ်ကြောင်းကို စစ်အုပ်စုဘက်က ရပ်ကွက်များထဲအ ထိ လိုက်လံဖမ်းဆီးသည့်ကြားကပင် အထိအခိုက်မရှိ ပြုလုပ်နိုင်ခဲ့ပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်။

• မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ ဒေသခံများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့တွင် ပညာရေးဌာနမှ CDM လုပ်နေသူ ၉၀၀ ရှိပြီး အလုပ်ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ CDM ဝင်ပါက ပုဒ်မ ၅၀၅ တပ် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်း၊ ရှောင်တိမ်းပါက နေအိမ်ရှိ မိသားစုဝင်များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်လာခြင်းများကြောင့် ဦးရေ ၁၀၀ ခန့် CDM က ထွက်လိုက်ပြီဟု သိရသည်။

• ရွှေဘိုမြို့ အနောက်ပိုင်းကျေးရွာများ စုပေါင်းကာ သပိတ်စစ်ကြောင်းဖွင့်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒ ထုတ်ဖော်ခဲ့သည်။

• ခင်ဦးမြို့တွင် ကျောင်းတက်သည့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်းများအား ဒေသခံများက သံဗုံးတီး ဆန္ဒပြခဲ့ကြသည်။

• ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မြောက်ပိုင်း လူငယ်များက စစ်အာဏာရှင်စနစ်နှင့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးတွင် ဆိုင်ကယ်ဖြင့် စျေးလာရောင်းသည့် စျေးသည်များအား အကြမ်းဖက်စစ်အုပ်စုဘက်က အကြောင်းပြချက် မရှိဘဲ ပစ်ခတ်မှုကြောင့် စျေးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

• ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင်းရှိ လက်ဆည်ကုန်၊ မကျီးစု၊ ဝါးတော၊ ဒေါင်အိုကြီး၊ ဝါးသုံးအိုင်၊ ကန်ကြီးတော၊ ထနောင်းခလ စသည့် ကျေးရွာများတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆိုင်ကယ်သပိတ်များ ပြုလုပ်ခဲ့သည်။
• မင်းဘူးဒေသခံများကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် ပညာရေးမိသားစုနှင့် ကျောင်းသား/သူများက ကျောင်းစိမ်းဝတ်စုံများ ဝတ်ဆင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ထားဝယ်မြို့တွင် ဒေသခံအင်အား ၁၀၀၀ ကျော်က ပင်မသပိတ်စစ်ကြောင်းနှစ်ခုဖွင့်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်၍ မြို့တွင်းလှည့်လည်ခဲ့ကာ နိုင်ငံရေးဟောပြောမှုများလည်း ပြုလုပ်ခဲ့ကြသည်၊ နေ့လယ်ပိုင်းတွင်လည်း အင်ဂျင်နီယာ၊ ပညာရေးဝန်ထမ်း၊ နည်းပညာကျောင်းသားနှင့် ဒေသခံများ ပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

• လောင်းလုံမြို့ခံများက ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒပြခဲ့ကြသည်။

• ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာတွင်လည်း ပညာရေးမိသားစု ဦးဆောင်သည့် ဒေသခံများပါဝင်သည့် သပိတ်သစ်ကြောင်းကလည်း လူအင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။

• သရက်ချောင်းမြို့နယ်၊ လဘကျေးရွာအုပ်စုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ပုံ ကိုင်ဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံ၊ ညင်းမော်ကျေးရွာနေ ပြည်သူများကလည်း ဆိုင်ကယ်သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ် ငြိမ်းရေးအတွက် ကျေးရွာများအတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ ပန်းတင်အင်းရွာတွင်လည်း ရွာခံအင်အား ၁၀၀ ခန့်ရှိ သပိတ်စစ်ကြောင်းဖြင့်လည်းကောင်း ကြက်ယက်တွင်းတွင်လည်း ဒေသခံ အင်အား ၁၀၀ ခန့်ဖြင့်လည်းကောင်း၊ ကဒက်ကြီးကျေးရွာတွင် အင်အား ၇၀ ခန့်ဖြင့်လည်းကောင်း၊ ပန်းဒလဲကျေးရွာကလည်း အင်အား ၅၀ ခန့်ဖြင့်လည်းကောင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် မောင်းမကန်ကျေးရွာသပိတ်စစ်ကြောင်းကလည်း လူအင်အား ၁၀၀ ခန့်ဖြင့် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒဖော်ထုတ်ခဲ့သည်။

• ထားဝယ်မြို့နယ်တွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ၂၀ ကျော်က ဧပြီလ ၂၉ ရက်ကတည်းက ထားဝယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရာ နိုင်ငံရေးနှင့် ပတ်သက်ခြင်း ရှိ/မရှိ၊ လက်ကိုင်ဖုန်းများအတွင်း နိုင်ငံရေးနှင့်ပတ်သက်သည့် ဓာတ်ပုံများ ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က အကူအညီတောင်းခံလာပါကလည်း လုပ်ဆောင်ပေးရန် မှာကြား၍ ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်ဒေသခံများက မြို့ပေါ်ကျောင်းအချို့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆိုင်းဘုတ်နှင့် သွေးစွန်းကျောင်းဝတ်စုံ များ ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။

• ပုသိမ်၊ ငွေဆောင်ကမ်းခြေဒေသခံများကလည်း ဒေသတွင်းကျောင်းအချို့၌ သွေးစွန်းကျောင်းစိမ်းအိင်္ကျီများ ချိတ်ဆွဲကာ "ငွေဆောင်သားတွေ ညီညွတ်လို့ ကျောင်းမအပ်ဘဲ နေကြစို့" စာများ ကပ်ကာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• သတင်းမီဒီယာများတွင် သတင်းဓာတ်ပုံလိုအပ်ပါက ကူညီပေးတတ်သည့် ပုသိမ်မြို့အခြေစိုက် အပျော်တမ်းဓာတ်ပုံဆရာ ဦးဆန်းမြင့်ကို ပုသိမ်မြို့၊ အောင်ချမ်းသာ ၄ လမ်းထိပ်၌ ကွမ်းယာဝယ်နေစဉ် အကြမ်းဖက်စစ်အုပ်စုဘက်က ရိုက်နှက်ဖမ်းဆီးသွားခဲ့ကာ ယနေ့ နေ့လယ်ပိုင်းတွင်လည်း ၎င်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်သွားကြောင်း သိရသည်။

မွန်ပြည်နယ်

• မော်လမြိုင်မြို့ခံ လူငယ်များက ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်နေ့ ကျရောက်သည့် ယနေ့တွင် စစ်အုပ်စုက ဖိနှိပ်ထားသည့် သတင်းမီဒီယာများ လွတ်လပ်ခွင့်ရရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။

• မုဒုံတွင်လည်း ဒေသခံများက မြို့ပေါ်ကျောင်းအချို့တွင် "စစ်အာဏာရူးရဲ့ လက်ပါးစေတွေအာက်မှာ ငါတို့ ကျောင်းသူ/ ကျောင်းသားတွေက ဘာကို သင်ယူရမှာလဲ" အပါအဝင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း စာများ ချိတ်ဆွဲ၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

• မော်လမြိုင်တွင် အစ္စလာမ်ဘာသာကိုးကွယ်သည့် လူငယ်များက လက်ရှိတွင် စစ်အုပ်စုက အာဏာသိမ်းကာ နေ့စဉ် ရက်ဆက် ဘာသာပေါင်းစုံမှ ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ ဓားပြတိုက်၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများ စိတ်သောကရောက်နေသည့် အချိန်ဖြစ်သဖြင့် အီးဒ်နေ့တွင် ပျော်ပွဲရွှင်ပွဲမပြုလုပ်ကြရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။

• သံဖြူဇရပ်တွင် ဒေသခံတိုင်းရင်းသားများက စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ချင်းပြည်နယ်

• ဟားခါးမြို့တွင် စစ်အုပ်စုလက်နက်ကိုင်များနှင့် ဒေသခံများ ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CDF/Hakha တို့အကြား ပစ်ခတ်မှုများဖြစ်ခဲ့ရာ စစ်အုပ်စုဘက်မှ အနည်းဆုံးလေးယောက် သေဆုံးခဲ့ကာ CDF ဘက်မှ အထိအခိုက်ရှိ-မရှိကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ ယမန်နေ့က CDF ဘက်က ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး စစ်အုပ်စုဆန့်ကျင်ကြောင်း ဆန္ဒပြမှုကြောင့် မြို့ခံ ၅၅ ဦးအား အကြမ်းဖက်စစ်အုပ်စုဘက်က ဖမ်းဆီးထားသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း စစ်အုပ်စုဘက်က စစ်ကား ခြောက်စီး၊ ရဲကားလေးစီးဖြင့် အင်အားအပြည့်တင်ဆောင်ကာ မြို့တွင်း၌ အင်အားပြ ကင်းလှည့်နေပြီး မြို့ပေါ်စျေးဆိုင်အချို့လည်း ပိတ်ထားခဲ့ရသည်။

ကချင်ပြည်နယ်

• မြစ်ကြီးနားအခြေစိုက် "မြစ်ကြီးနားသတင်းဂျာနယ်" အား စစ်အုပ်စုကို ဆန့်ကျင်နေသည့် ဖြစ်စဉ်များအား ဖော်ပြသည့်အတွက်ဟုဆိုကာ ဧပြီလ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းလိုက်သည်။

• မိုးမောက်မြို့နယ် ကုန်းလာရွာအနီးတွင် လေကြောင်းမှ လာရောက်တိုက်ခိုက်သည့် စစ်အုပ်စုလေယာဉ်တစ်စင်းအား ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ဘက်က ပစ်ချခဲ့သည်။

• ဖားကန့်၊ ဆိုင်းတောင်/ဆိပ်မူ သပိတ်စစ်ကြောင်းကလည်း လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့် မှော်ပေါင်းစုံ သပိတ်စစ်ကြောင်းလည်း လူအင်အား ထောင်နှင့်ချီ၍ လမ်းများပေါ်တက် ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မိုးကောင်းတွင် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် မြိုခံများက မြို့တွင်းလမ်းများ၌ လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• အင်းတော်ကြီးတွင် ကျောင်းသားနှင့် မိဘပြည်သူများက မြို့တွင်းကျောင်းများရှေ့တွင် ကျောင်းတက်ရန်အတွက် လက်မှတ် လာထိုးကြသည့် ပညာရေးဝန်ထမ်းများအား ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

• ဝိုင်းမော်မြို့ အ.ထ.က (၁) ကျောင်းဝန်းတွင် ယနေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ကယားပြည်နယ်

• လွိုင်ကော်၊ ထေးငှားလျားနှင့် ဘာဒိုကျေးရွာဒေသခံ ပူးပေါင်းအင်အား ၁၀၀ ကျော်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း "အပြုံးသပိတ်" ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• လွိုင်ကော်တက္ကသိုလ်တွင် စစ်အုပ်စုခန့် ကျောင်းကောင်စီကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် CDM ဝင် ဆရာ/ဆရာမများ၊ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားဟောင်းများ၊ ဝန်ထမ်းများဖြင့် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း လိုက်ပြီ ဖြစ်သည်။

• ဒီးမောဆိုတွင် ပြည်နယ်လုံးဆိုင်ရာ အခြေခံဆရာများသမဂ္ဂနှင့် ဒီးမော့ဆိုမြို့နယ် အခြေခံကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကရင်ပြည်နယ်

• ဘားအံ၊ အိန္ဒုကျေးရွာတွင် ယမန်နေ့က အဖမ်းအဆီးများ ရှိခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာရွက်များအား လမ်းများပေါ်တွင် စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ဘားအံမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်ထားခဲ့သည့် ရွှေညောင်ပင် ကမ္ဘောဇဘဏ်ခွဲ - KBZ ပြန်ဖွင့်လိုက်ပြီ ဖြစ်ကာ ငွေထုတ်ယူသူများနှင့် ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိသည်။

• ဘားအံ့မြို့သံလွင်အနောက်ဘက်ရှိ ဒေသခံအချို့ကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ရှမ်းပြည်နယ်

• ရှမ်းပြည်မြောက်ပိုင်း သိန္နီတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အနီရောင်မိုးပျံပူဖောင်းများ လွှတ်တင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ဟိုပုံးမြို့တွင် ဒေသခံများ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကာတွန်းပုံများဆွဲကာ Paper Strike ပြုလုပ်ခဲ့သည်။

• ဖယ်ခုံတွင် ဒေသခံအင်အား ၃၀၀ ခန့်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

• ညောင်ရွှေ နွေဦးခေတ်သစ်လူငယ်သပိတ်စစ်ကြောင်းကလည်း အင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• မူဆယ် အ.ထ.က (၃) ကျောင်းသားဟောင်းများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် တိုက်ပွဲဝင်နေ သည့် ကျောင်းသားဟောင်းများနှင့် ဖမ်းဆီးခံထားရသူများအား စာနာသည့်အနေဖြင့် CDM ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

• နမ့်ခမ်းမြို့ခံလူငယ်များက အ.ထ.က (၃) ကျောင်းရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်းစာများကို ကျောင်းအုတ်နံရံ များ၌ ဆေးအနီများဖြင့် ရေး၍ ဆန္ဒပြခဲ့ကြသည်။

• ကျောက်မဲမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ချယ်ရီလမ်းတွင် ဗုံးတွေ့သည်ဟု ဆိုကာ အကြမ်းဖက်လက်နက်ကိုင် စစ်တပ်နှင့် ရဲများရောက်လာကာ လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မေ ၃ သုံးသပ်ချက်

• ရန်ကုန်တွင် မြို့နယ်အခြေပြုသပိတ်များ အားကောင်းနေဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း နေရာအနှံ့ ရွေ့လျားလုံခြုံရေး စနစ်ကျင့်သုံးကာ တင်းကြပ်ထားလျက် ရှိသည်။ ရန်ကုန်သပိတ်များအား နေ့ခင်းပိုင်းများ၌ ဖြိုခွင်းခြင်းထက် သတင်းပေးထားရှိကာ ညပိုင်းများ၌ ပိုက်စိပ်တိုက်ဖမ်းဆီးခြင်းကို စစ်အုပ်စုဘက် တွင်တွင်ကျယ်ကျယ် ကျင့်သုံးလျက် ရှိသည်။

• မန္တလေးတွင် သပိတ်ကြီးများ အားကောင်းကောင်းဖြင့် ဆက်ရှိနေပြီး ပေါက်ကွဲမှုများလည်း မပြတ်ရှိနေသည်။ စစ်အုပ်စုဘက်က အရပ်သားဝတ်လုံခြုံရေးသုံး သပိတ်ဖြိုခွင်းသည့်နည်းကိုသာ ဆက်တိုက်လို လုပ်ဆောင်နေပြီး ညပိုင်း ဖမ်းဆီးခြင်းနှင့် ခြောက်လှန့်ပစ်ခတ်ခြင်းများကို သပိတ်အားနည်းသည့် မြို့နယ်များတွင် ပိုတိုးလုပ်ဆောင်လာဖွယ်ရှိသည်။

• နယ်မြို့ကြီးများတွင် သပိတ်များ အားကောင်းလာကာ ယနေ့တွင် ကျောင်းများရှေ့ ဆန္ဒဖော်ထုတ်မှုနှင့် စစ်ကျွန်ပညာရေး အလိုမရှိသပိတ်များ ပိုမိုများပြားလာခဲ့သည်။ စစ်အုပ်စုဘက်က မြို့နှင့် ကျေးရွာများအတွင်း အုပ်ချုပ်ရေးမှူးသစ် ခန့်အပ်ခြင်းထက် အုပ်ချုပ်ရေးမှူးဟောင်းများကိုလည်း စည်းရုံးသိမ်းသွင်းသည့် နည်းလမ်းသုံးလာပြီဖြစ်ကာ ရပ်ရွာအခြေခံသပိတ် စစ်ကြောင်းများ သတိထားရန် လိုအပ်သည်။

• စစ်အုပ်စုဘက်က တိုင်းရင်းသားဒေသတိုက်ပွဲများတွင် အထိနာနေသည့်အတွက် မြို့ပေါ်သပိတ်များအား ပစ်ခတ်ဖြိုခွဲ၍ တပ်တွင်းစည်းရုံးရေး မပျက်ပြားရန် လုပ်ဆောင်နေရသည်။ အာဆီယံအစည်းအဝေးအပြီး နိုင်ငံတကာဖိအားမရှိတော့သည့် အတွက် သပိတ်ဖြိုခွင်းခြင်းအပြင် အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရန်အတွက် သတင်းပေးနှင့် ဒေါက်တိုင်ယန္တရားတည် ဆောက်ခြင်းကို ပိုတိုးလုပ်ဆောင်လာလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required