မဲပေးခွင့်ဆုံးရှုံးအောင် ပြုလုပ်သူ မည်သူမဆို တရားစွဲဆိုမည်ဟု ကော်မရှင်ပြော

မဲပေးခွင့်ဆုံးရှုံးအောင် ပြုလုပ်သူ မည်သူမဆို တရားစွဲဆိုမည်ဟု ကော်မရှင်ပြော
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၇ရက်က ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်၏ ညွှန်ကြာရေးမှူး ဦးသောင်းလှိုင်အား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမသတင်းဌာန)

နေပြည်တော်၊ အောက်တိုဘာ ၂၇ ။ ။ မဲပေးနိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်စုံတစ်ဦးကို မဲပေးခွင့်ဆုံရှုံးအောင် ပြုလုပ်သည်ဟု သိရသည့် မည်သူ့ကိုမဆို တရားစွဲဆိုသွားမည်ဟု ပြည်ထောင်စုရွေကော်မရှင်အဖွဲ့ဝင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ယနေ့ (အောက်တိုဘာ ၂၇ရက်)က သတင်စားရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။    

“ကျွန်တော်မေတ္တာရပ်ခံတာက တိတိကျကျ အမည်နဲ့ နာမည်နဲ့ ဖော်ထုတ်တင်ပြလိုက်ပါ" ဟု ၎င်းက ပြောသည်။ 

ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းကို အဆင့်ဆင့် ဆောင်ရွက်လျက် ရှိနေပြီး မဲစာရင်းတွင် ပါဝင်နိုင်ရန် အထောက်အထား အပြည့်အစုံတင်ပြီးသော်လည်း မပါဝင်ခဲ့လျှင် အရေးယူနိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

စတင်ဘာ(၁၄)က်က ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သူများအနေဖြင့်ပုံစံ (၃-က)ဖြင့် လျောက်ထားရမည်ဖြစ်ပြီး ယင်းသို့ လျှောက်ထားမှုကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးမှ မှတ်တမ်းတင်ထားကာ မဲပေးနိုင်ခွင့် အရည်အချင်းနှင့် ကိုက်ညီလျှင် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရမည်ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။ 

"ကျွန်တော်တို့ ကော်မရှင်ဘက်လည်း ပုံစံ(၃)လက်ခံကြောင်း လက်မှတ်ထိုးသလို ကာယကံရှင်ကလည်း လာတင်ကြောင်း လက်မှတ်ထိုးပါတယ်၊ အဲ့ဒီတော့မှ ပြန်စိစစ်ပါ့မယ်၊ စိစစ်တဲ့အခါ မဲပေးနိုင်ခွင့် အရည်အချင်း မရှိတဲ့သူဆိုရင် မပါနိုင်ပါဘူး၊ကျန်တဲ့လူတွေက ပါမှာပါ” ဟု ဦသောင်းလှိုင်ကပြောကြာသည်။

သက်ဆိုင်ရာမြိုနယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများတွင် နိုဝင်ဘာ(၂)ရက်တွင် နောက်ဆုံးမဲဆန္ဒရှင် ဦးရေစာရင်း ကပ်ထားမည်ဖြစ်ပြီး ယင်းစာရင်းကို ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို နှင့် နှစ်ရက်အလို နိုဝင်ဘာ ၆ရက် နှင့် ၇ရက်တွင် မဲရုံများတွင် ထပ်မံကပ်ပေးမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required