အငြင်းပွား သန္တာကျောက်တန်းအနီးရှိ ဖိလစ်ပိုင်သင်္ဘောများကို တရုတ်သင်္ဘောများ လိုက်လံနှောင့်ယှက်

By The Diplomat
19 November 2023
အငြင်းပွား သန္တာကျောက်တန်းအနီးရှိ ဖိလစ်ပိုင်သင်္ဘောများကို တရုတ်သင်္ဘောများ လိုက်လံနှောင့်ယှက်

အမေရိကန်ရေတပ်၏ ထောက်လှမ်းရေးလေယာဉ် ၁ စင်းက အနီးကပ်စောင့်ကြည့်နေချိန်တွင် တောင်တရုတ် ပင်လယ်ရှိ အန္တရာယ်အရှိဆုံးနေရာများထဲမှ တစ်ခုတွင် နောက်ဆုံးထိပ်တိုက်တွေ့မှုအဖြစ် ဒါဇင်နှင့်ချီသော တရုတ်ကမ်းခြေစောင့်တပ်နှင့် လိုက်ပါလာသည့် သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများ နောက်ကို လိုက်ကာ ဝန်းပတ်ထားခဲ့သည်။

Second Thomas သန္တာကျောက်တန်းမှ ကင်းစခန်းရှိ ဖိလစ်ပိုင်တပ်ဖွဲ့များထံ ရိက္ခာနှင့် အခြားထောက်ပံ့ရေး ပ စ္စည်းများ ပို့ဆောင်ပေးနေသည့် ဖိလစ်ပိုင်သင်္ဘောအား ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၇ရက်က ၄ နာရီကြာ မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့မှု၏ အမြင့်ဆုံးအချိန်တွင် တရုတ်ကမ်းခြေ စောင့် သင်္ဘော ၁ စင်းက ရေပိုက်များဖြင့် ထိုးခဲ့သည်။

အာရှ-ပစိဖိတ်ဒေသတွင်း မဟာဗျူဟာကျသော ရေလမ်းကြောင်းတစ်ခုလုံးနီးပါးကို တရုတ်က တစိုက် မတ်မတ် တောင်းဆိုမှုကြောင့် တရုတ်သည် အိမ်နီးချင်းနိုင်ငံငယ်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ဖိလစ်ပိုင်နှင့် မဟာမိတ်ပြု လုပ်ထားပြီး အာရှ-ပစိဖိတ်ဒေသရှိ တရုတ်၏ အဓိကပြိုင်ဖက်ဖြစ်သည့် အမေရိကန်ကပါ ပါဝင်ပတ်သတ် လာခဲ့ရသည်။

အမေရိကန်နှင့် ယင်း၏ မဟာမိတ်များသည် လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် ပျံသန်းမှုကို မြှင့်တင်ရန်၊ ဖိလစ်ပိုင်ကဲ့သို့ မဟာမိတ်များကို အာမခံချက်ပေးရေးအတွက် ရေတပ်သင်္ဘောများနှင့် တိုက်လေယာဉ်များ ကို ဖြန့်ကျက်ချထားခဲ့သည်။

တရုတ်က ပိုင်ဆိုင်ကြောင်း တောင်းဆိုနေပြီး  ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားသည့် ဖိလစ်ပိုင် သီးသန့်စီးပွားရေးဇုန် အတွင်း တည်ရှိသည့် Second Thomas သန္တာကျောက်တန်းတွင် ထပ်တလဲလဲ ထိပ်တိုက်ရင်ဆိုင်မှုများက တရုတ်နှင့် အမေရိကန်ကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်မည်ကို စိုးရိမ်မှုများရှိနေသည်။
 
ဖိလစ်ပိုင် အာဏာပိုင်များက ပဋိပက္ခကြီးများကို ဖြစ်ပေါ်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ လုပ်ဆောင် မည် မဟုတ်သော်လည်း တောင်တရုတ်ပင်လယ်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာအခွင့်အရေးကို ကာကွယ်ရေးအတွက်လည်း နှောင့်နှေးနေမည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၈ရက်တွင် ပြောကြားခဲ့သည်။

 တရုတ်၏ ပိတ်ဆို့တားဆီးမှုများနှင့် အကျပ်ကိုင်မှုများကြားမှ ဖိလစ်ပိုင်တပ်ဖွဲ့သည် BRP Sierra Madre သင်္ဘောပေါ်မှ ဖိလစ်ပိုင်ရေတပ်သားများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နိုင်ခဲ့ပြီး မတော်တဆမှုများ ဖြစ်ပွားခြင်းမရှိဘဲ ထွက်ခွာသွားနိုင်ခဲ့သည်။

အမေရိကန်က လှူဒါန်းသည့် ဖိလစ်ပိုင်စစ်သင်္ဘောသည် အိုမင်းနေပြီဖြစ်သော်လည်း ကောင်းစွာအသုံးပြု နိုင်နေဆဲဖြစ်ပြီး လက်နက်ကိုင်တိုက်ခိုက်မှုကို စစ်ပွဲတစ်ခုအဖြစ် ဖိလစ်ပိုင်က သတ်မှတ်မည် ဖြစ်ကြောင်း ဖော်ပြနေသည်။
 
ဖိလစ်ပိုင် တပ်ဖွဲ့များသည် တရားဥပဒေ စိုးမိုးရေးကို ဆက်လက် လိုက်နာမည်ဖြစ်ပြီး တရုတ်၏ လက်နက် ဖြင့် ခြိမ်းခြောက်မှုကြောင့် တိုက်ခိုက်မည် မဟုတ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်မှူး တာရီလာကက ပြောကြားခဲ့သည်။
 
တရုတ်ရေတပ်မှ အမြန်ချေမှုန်းရေးရေယာဉ်နှင့် ဆေးရုံသင်္ဘောတစ်စင်းအပါအဝင် စကင်းသောမတ်သန္တာ ကျောက်တန်းအနီးတစ်ဝိုက်တွင် နိုဝင်ဘာ ၁၇ရက်က အနည်းဆုံး တရုတ်သင်္ဘော ၃၈ စင်းခန့် တွေ့ရှိခဲ့ ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
 
ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘော BRP Cabra ကို တရုတ်ကမ်းခြေစောင့်တပ်နှင့် အခြားသင်္ဘောများက ၅ ကြိမ် ဝိုင်းခဲ့သော်လည်း အကြိမ်တိုင်း ရှောင်ထွက်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required