စစ်ကောင်စီ ဖျက်သိမ်းတဲ့ ပါတီတွေထဲမှာ စစ်ခေါင်းဆောင်နဲ့ သွားတွေ့တဲ့ ပါတီ ၁၀ ခု ပါဝင် (ရုပ်/သံ)

By 001၊ ရှိန်မင်းမောင် (မဇ္ဈိမ)
30 March 2023
စစ်ကောင်စီ ဖျက်သိမ်းတဲ့ ပါတီတွေထဲမှာ စစ်ခေါင်းဆောင်နဲ့ သွားတွေ့တဲ့ ပါတီ ၁၀ ခု ပါဝင် (ရုပ်/သံ)

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်း ကြေညာတဲ့ ပါတီ ၄၀ အနက် စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်းက စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ထံ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သွားရောက်တွေ့ဆုံခဲ့တဲ့ ပါတီ‌တွေထဲက ပါတီ ၁၀ ခုလည်း ပါဝင်​တာ တွေ့ရပါတယ်။

ဥပေဒသစ်အရ ငွေကြေးအင်အား၊ လူအင်အား မတတ်နိုင်တာကြောင့် မှတ်ပုံပြန်မတင်တာ ဖြစ်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ အမျိုးသားတိုးတက်မြင့်မားရေးပါတီတွေက မဇ္ဈိမကို ပြောပါတယ်။

မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို မတ်လ ၂၉ ရက်နေ့ကစပြီး ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီး အဲဒီပါတီတွေထဲမှာ အင်အားကြီးပါတီတွေ ဖြစ်ကြတဲ့ NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့လည်း ပါဝင်ပါတယ်။

တည်းဖြတ်/တင်ဆက် = ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly