လွိုင်ကော်တွင် လေယာဉ်ဖြင့်ချပေးသည့်လက်နက်ခဲယမ်းများကို ကာကွယ်ရေးတပ်ဖွဲ့သိမ်းဆည်း

By ဂျူချန်း(မဇ္ဈိမ)
19 November 2023
လွိုင်ကော်တွင် လေယာဉ်ဖြင့်ချပေးသည့်လက်နက်ခဲယမ်းများကို ကာကွယ်ရေးတပ်ဖွဲ့သိမ်းဆည်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တနေရာတွင် စစ်ကောင်စီတပ်က မောင်းသူမဲ့လေယာဉ် ဖြင့်ချပေးသည့် လက်နက်ခဲယမ်းများအား တော်လှန်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သိမ်းဆည်းရရှိခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO Local PDF) ပြန်ကြားရေးတာဝန်ခံ ခွန်ဖရန်စစ်က မဇ္ဈိမကို ပြောသည်။

“စွပ်ဗုံးလို့ခေါ်တယ်၊ ၄၀ မမ လို့လည်း ခေါ်တယ်။ သေနတ်ပြောင်းထိပ်မှာ စွပ်ပြီးမှပစ်တဲ့ ဥစ္စာမျိုးပေါ့။ သူ့ပြင်းအားက ၄၀ မမ ပုံစံမျိုးပဲ။ ဒီနေ့ပဲ သုံးပုံးရတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းအချိန်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် လက်နက်ခဲယမ်းများကို လာချ သွားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့မှ စစ်ကောင်စီလာချသွားသည့် လက်နက်ခဲယမ်း အပြည့်ပါသည့် သေတ္တာသုံးလုံးကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ခရိုင်တရားရုံးနှင့် တက္ကသိုလ်ကို လက်လွှတ်ထားရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင်လည်း မယ်စဲ့မြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီတပ် အခြေချရာတပ်စခန်းတခုအနီးတွင် စစ်ကောင်စီ၏ထောက်ပို့ယာဉ်ငယ်မှလာချပေးသည့် လက်နက် ခဲယမ်းသေတ္တာသုံးလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သေး သည်။

စာတည်း ။         ။ ဖူးသိမ်ကျ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly