ငါန်းဇွန်တွင် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး၂ ဦး အသတ်ခံရ

By ဓါတု(မဇ္ဈိမ)
19 November 2023
ငါန်းဇွန်တွင် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး၂ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုလရွာကြီးကျေးရွာတွင် စစ်ကောင်စီလက်အောက် တာဝန်ထမ်း ဆောင်နေသူ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးနှစ်ဦး အသတ်ခံခဲ့ရပြီး ၎င်းတို့၏အလောင်းများကို နိုဝင် ဘာလ ၁၈ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျန်းမာရေးမှူးနဲ့ နေ့စားခန့်ထားတဲ့ သူ့ရဲ့လက်ထောက် အသတ်ခံရတာ။ ဘာလို့ အသတ်ခံရတာလည်း တော့မသိဘူး” ဟု ကုလကျေးရွာခံက မဇ္စျိမကို ပြောသည်။

အသက် ၃၅ နှစ်ဝန်းကျင်အရွယ်ရှိ ကျန်းမာရေးမှူး ဒေါ်တိုးတိုးသန်းနှင့် အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မအေးမွန်ကျော်တို့၏အလောင်းများကို ကုလရွာကြီးကျေးရွာ တိုက်နယ်ကျန်းမာရေးရုံးအနီး မြင်းမူမြို့ ဘက်ဦးတည်သည့် လမ်းဘေးတွင် စွန့်ပစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦး၏အလောင်းအား နိုဝင်ဘာလ ၁၈ ရက် နံနက် ၈ နာရီတွင် ကုလရွာကြီးကျေးရွာမှ ငါန်းဇွန် မြို့ရှိ ရင်ခွဲရုံသို့ သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ဒေသခံများကပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်ကြောင်း ထုတ်ပြန်လာခြင်း မရှိသေးပေ။

“အသတ်ခံရတာတော့ကြားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း အခုက ငါန်းဇွန်နယ်ထဲမှာ မဟုတ်တော့ ဘယ်အဖွဲ့ဆိုတာမသိဘူး” ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

ကျန်းမာရေးဝန်ထမ်းအမျိုးသမီးနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါကျေးရွာတွင် ဆေးခန်းအနီးဝန်းကျင်ရှိ နေအိမ်များ၊ ဆိုင်များနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ နယ်မြေရှင်း လင်းရေးနှင့် ကင်းပုန်းဝပ်လုံခြုံရေး ချထားခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required