စပိန်မှာ သားမွေးအကျႌလုပ်ငန်းကို တက်ကြွလှုပ်ရှားသူတွေက သွေးအလူးလူးခန္ဓာကိုယ်တွေနဲ့ ဆန္ဒပြ

စပိန်မှာ သားမွေးအကျႌလုပ်ငန်းကို တက်ကြွလှုပ်ရှားသူတွေက သွေးအလူးလူးခန္ဓာကိုယ်တွေနဲ့ ဆန္ဒပြ

ဘာစီလိုနာ၊ ဒီဇင်ဘာ ၁၇ ။          ။ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၅၀ နီးပါးဟာ တနင်္ဂနွေနေ့မှာ သားမွေးအကျႌထုတ်လုပ်တဲ့ လုပ်ငန်းကို ဆန့်ကျင်ပြီး ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူတွေဟာ သားသတ်ရုံတွေက အရေခွံဆုတ်၊သတ်ဖြတ်ခံရတဲ့တိရစ္ဆာန်တွေကို မြင်ယောင်အောင် ကွင်းပြင်တစ်နေရာမှာ အဝတ်ဗလာနဲ့ အတုံးအရုန်း လဲလှောင်းနေကြပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်ကိုလည်း သွေးအတုတွေ ပက်ဖျန်းထားလို့ ဆန္ဒဖော်ထုတ်တာပါ။

‘အရေပြားမရှိ’ဆိုတဲ့ ခုဆန္ဒဖော်ထုတ်မှုကို အင်န်ဂျီအိုအဖွဲ့တစ်ရပ်ဖြစ်တဲ့ Anima Naturalis အဖွဲ့က ကြီးမှူးပြီး ဘာစီလိုနာမြို့မှာ ပြုလုပ်ခဲ့တာပါ။

Plaza de Catalunya ရင်ပြင်မှာ သွေးအလူးလူး အဝတ်ဗလာနဲ့ စုပုံလဲလျောင်း ဆန္ဒပြရင်း ‘ကုတ်အကျႌ တစ်ထည်အတွက် အသက်တွေ ဘယ်လောက် သတ်ဖြတ်ကြသလဲ’ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ရေးသားထားပါတယ်။

အီးယူမှ သားမွေးအင်္ကျီထုတ်လုပ်တဲ့ လုပ်ငန်းအတွက် နှစ်စဉ် တိရစ္ဆာန်ကောင်ရေ ၃၂ သန်းနီးပါး အသတ်ခံ နေရကြောင်း Anima Naturals အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required