စစ်ဘေးသင့်ဒေသက အမျိုးသမီးတွေကို ဘယ်လိုအကာအကွယ်ပေးမလဲ | ချစ်သောအညာမြေ Episode-27

စစ်ဘေးသင့်ဒေသက အမျိုးသမီးတွေကို ဘယ်လိုအကာအကွယ်ပေးမလဲ | ချစ်သောအညာမြေ Episode-27

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ စစ်ပွဲတွေမှာ အမျိုးသမီးတွေအတွက် အပြင်းထန်ဆုံးသော စိန်ခေါ်မှုတွေနှင့် အန္တရာယ်တွေက ဘာတွေပါလဲ၊

စစ်ပွဲပဋိပက္ခတွေဟာ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိပါသလဲ၊

လတ်တလောမှာ စစ်ဘေးရှောင် အမျိုးသမီးတွေ လိုအပ်နေတဲ့ အဓိက အကူအညီတွေက ဘာတွေပါလဲ၊

စစ်ဘေးသင့် ဒေသက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကြုံနေရတာတွေကို ဘယ်လိုအကာအကွယ်ပေးကြမလဲ၊

နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေ၊ ပြည်တွင်း အရပ်ဘက်အဖွဲ့တွေအနေနဲ့ရော ဒုက္ခသည်အမျိုးသမီးတွေကို အကူအညီပေးရေး ဘယ်လိုပူးပေါင်း ဆောင်ရွက်လို့ ရနိုင်မလဲ စတာတွေကို နားဆင်ကြရမယ်။

ပေါက်မြို့နယ်၊ ကြားကာလ ပညာသင်ကြားရေးအစီအစဉ် လုပ်အားပေးဆရာမ ဒေါ်ခင်ဝင်းပြည့်၊ မုံရွာသပိတ်ခေါင်းဆောင် မချောစုစံနှင့် ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နေမခတို့ကို့ ကိုနောင်နောင်က မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required