Weekend News Roundup | 28 October 2023

Weekend News Roundup | 28 October 2023

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

ထုတ်လွှင့်ပေးသွားမယ့် သတင်းတွေကတော့

-စစ်ရေးပစ်မှတ်ထက် အရပ်သားပစ်မှတ် ပိုမို များပြားလာတဲ့ သတင်း

- NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့များအကြား စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့တိုက်တွန်းတဲ့သတင်း

−မြန်မာစစ်တပ်ထံ ဆက်သွယ်ရေးပစ္စည်း ရောင်းချတဲ့ ဂျာမန်ကုမ္ပဏီ စုံစမ်းစစ်ဆေးခံရ တဲ့ သတင်း

-ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမက်ဇ်ပြောတဲ့သတင်း

- မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေ အရှိန်ဟုန်မြှင့်ဆောင်ရွက်ဖို့ စစ်ကောင်စီကြိုးပမ်းနေတဲ့သတင်း

-လောက်ကိုင်မြို့နှင့် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ် ပိတ်ပင်ကြောင်း MNDAA  ကြေညာတဲ့ သတင်းတွေအပြင် စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required