ချင်းရွှေဟော်ဒေသတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၂ စီးကို MNDAA တိုက်ခိုက်ဖျက်ဆီး

By ရွှေနွယ်၊ ဂျူချန်း(မဇ္ဈိမ)
28 October 2023
ချင်းရွှေဟော်ဒေသတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၂ စီးကို MNDAA တိုက်ခိုက်ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လောက်ကိုင်ခရိုင် ၊ ချင်းရွှေဟော်ဒေသတွင်း ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ဖြစ်ပွားနေသောတိုက်ပွဲများ၌ စစ်ကောင်စီ၏ သံချပ်ကာယာဉ်နှစ်စီးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  (MNDAA ) က တိုက်ခိုက်ဖျက်ဆီးနိုင်ကြောင်း ဒေသတွင်းသတင်းမီဒီယာ The Kokang က ထုတ်ပြန်သည်။

"MNDAAရဲဘော်များက ချင်းရွှေဟော် မြို့နယ်စစ်ကောင်စီ၏ Ma Jia Di(马家地)တပ်စခန်းကို သိမ်းပိုက်ခဲ့ရ နှင့်သံချပ်ကာ တင့်ကားနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့” ဟု ဖော်ပြထားသည်။

The Kokang မှထုတ်ပြန်သည့် ရုပ်သံဖိုင်အတွင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တဦးမှ “ပျက်စီးသွားပြီ ဒီတင့်ကားက။ ဒါကို ပြန်သုံးလို့ရရင်ကောင်းမယ်” ဟု တရုတ်ဘာသာစကားဖြင့်ပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required