မန္တလေးတွင် လူနှစ်ဦးအား ပြိုင်ကားဖြင့်တိုက်ခဲ့သောအမှု မြို့နယ်တရားရုံးသို့ တရားစွဲတင်

မန္တလေးတွင် လူနှစ်ဦးအား ပြိုင်ကားဖြင့်တိုက်ခဲ့သောအမှု မြို့နယ်တရားရုံးသို့ တရားစွဲတင်

မန္တလေး၊ ဒီဇင်ဘာ ၇ ။            ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ နန်းမြို့ကျုံးတောင်ဘက်၊ ၇၈လမ်းနှင့်၂၆လမ်းထောင့်မီးပွိုင့်တွင် ၂၀၁၈ ခုုနှစ်၊ နိုဝင်င်ဘာ(၈)ရက် ညပိုင်းကဖြစ်ပွားခဲ့သည့် လူနှစ်ဦးအား ပြိုင်ကားဖြင့်တိုက်ခဲ့သောအမှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက် မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်တရားရုံးသို့ တရားစွဲတင်မှုပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ကျုံးတောင်ဘက်၊ ၇၈လမ်းနှင့်၂၆လမ်းထောင့်မီးပွိုင့်တွင် နိုင်ဝင်ဘာ(၈)ရက် ည(၁၂)နာရီအချိန်ခန့်က သန်းထက်အောင် အသက်(၂၆)နှစ်၊(ဘ)ဦးသန်းညွှန့်၊ မြို့သစ် ရပ် ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်လာသော MDY ၆H/----- Toyot lexus Sallon အနီရောင် ပြိုင်ကားသည် ၇၈လမ်းအတိုင်း တောင်မှမြောက်သို့မောင်းနှင်လာစဉ် ၂၆လမ်းမီးပွိုင့်အရောက်တွင် အရှိန်် မထိန်းနိုင်ဘဲ လားရာတူအရှေ့တွင် မီးနီရပ်စောင့်နေသော မောင်လွင်မင်းသန့် အသက်(၂၃)နှစ်၊ (ဘ)ဦးအောင် စိုးမင်း၊ ဥပဒေနောက်ဆုံးနှစ်(ရတနာပုံတက္ကသိုလ်)၊ မဲကင်းကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူမောင်းနှင်ပြီး နောက်မှလိုက်ပါလာသည့် မောင်ကျော်ဇင်သက် အသက်(၂၆)နှစ်၊ (ဘ)ဦးညွှန့်ဦး ၊သင်္ဘောသား၊ သီရိမာလာ အရှေ့ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတို့၏ Honda Click-125အနက်ရောင် ဆိုင်ကယ်အနောက်ပိုင်း အားဝင်တိုက်ပြီး ဆိုင်ကယ်မှာ ယာဉ်နှင့်အတူချိတ်ပါသွားကာ ၂၆လမ်းမြောက်ဘက်ရှိ ယာဉ်ထိန်းရဲ မီးပွိုင့် အဆောက်အအုံအား ထပ်မံတိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မောင်လွင်မင်းသန့်နှင့် နောက်မှလိုက်ပါသူ မောင်ကျော်ဇင်သက်တို့မှာ သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် မော်တော်ယာဉ်အား လူသေဆုံးသည်အထိ မဆင်မခြင်မောင်နှင်သူ သန်းထက်အောင်ကို ရဲအုပ်သန်းဇော်ဦးက ရာကြီးမှုအမှတ် ၁၆၉၅/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် လည်းကောင်း၊ တရားလို ဖြစ်သူ ရဲအုပ်စိုးဝင်းသန်းက ရာကြီးအမှတ် ၁၆၉၆/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့်လည်းကောင်း တရားစွဲ ဆိုနိုင်ရန် တရားရုံးသို့တင်ပို့ခဲ့ခြင်းဖြစ်ပြီး၊သက်သေခံပစ္စည်းစီစစ်ခြင်း၊တရားခံစီစစ်ခြင်းများပြု လုပ်ခဲ့ကာ နောက်ထပ် ရုံးချိန်းကို နောက်တစ်ပတ်အတွင်း ချိန်းဆိုစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly