သက်သေခံလက်မှတ်(CIစာအုပ်)ပျောက်ဆုံးသည့် မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်(PJ)လျှောက်ထားနိုင်

By ကိုရွှေမြိတ်(မဇ္ဈိမ)
16 November 2023
သက်သေခံလက်မှတ်(CIစာအုပ်)ပျောက်ဆုံးသည့် မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်(PJ)လျှောက်ထားနိုင်
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တွေ့ရစဉ်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သက်သေခံလက်မှတ်( CI စာအုပ် )ပျောက်ဆုံးသွားပါက နိုင်ငံကူးလက်မှတ်များကို ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသူများသည်၊ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ အဖြစ် ထုတ်ပေးထားသည့် သက်သေခံ လက်မှတ် (CI စာအုပ်) ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (PJ- Passport for Job) ကို ယခုလ နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လာရောက် လျှောက်ထားနိုင်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မီတီ - ဥက္ကဋ္ဌ JACBA ဦးမိုးကြိုးက “အခုက PJ နဲ့ PV လျှောက်တဲ့အခါမှာ သူတို့ထုတ်ပြန် သတ်မှတ်ထားတဲ့အချက် ခြောက်ချက် ကိုက်ညီဖို့လိုတာပေါ့ ၊ ဒီအချက်တွေ မစုံရင် လျှောက်လို့ မရဘူး၊ နောက်ပြီး အခုက ကုန်ကျစရိတ်က ဘယ်လောက်ဆိုတာလည်း မသိရသေးဘူး” ဟု ပြော သည်။

ထိုသို့ လျှောက်ထားသူများ အနေဖြင့် (CI) စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ (CI) စာအုပ် ပျောက်ဆုံးကြောင်း ထောက်ခံစာ စသည့် စာရွက် စာတမ်း အပြည့်စုံတို့နှင့် တကွ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမာန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် ယာယီ အချက်အလက်ကောက်ယူရေးစင်တာ (TDCC) ရုံးတွင် နိုဝင်ဘာ ၁၄ ရက်နေ့မှ စ၍ သွားရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required