နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ရောင်းချမှုမှ ရီးယဲလ်အသင်း စံချိန်တင် အမြတ်ငွေ ရရှိ

နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ရောင်းချမှုမှ ရီးယဲလ်အသင်း စံချိန်တင် အမြတ်ငွေ ရရှိ

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းက ကြယ်စင်စုအသင်းအဖြစ် တည်ဆောက်ဖို့ အသုံးစရိတ်များစွာ ကုန်ကျခဲ့ပေမယ့် ယခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားများ ရောင်းချ၊ အငှားချခဲ့ရာမှ စံချိန်တင် အမြတ်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

ရီးယဲလ်အသင်းဟာ ယခုနွေရာသီမှာ ခေါ်ယူခဲ့တဲ့ အက်သလက်တီကို နောက်ခံလူ သီယိုဟာနန်ဒက်ဇ်နှင့် ဘက်တစ်ကွင်းလယ်လူ စီဘယ်ယို့စ်အတွက် ယူရို ၄၆.၅ သန်းသာ ကုန်ကျခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ မိုရာတာအတွက် ယူရို ၆၂ သန်း၊ ဒန်နီလိုအတွက် ယူရို ၃၀ သန်း၊ ဒီယေဂိုလော်ရန်တေးအတွက် ယူရို ၁၀ သန်း၊ မာရီနိုအတွက် ၈ သန်းနှင့် ဘိုင်ယန်မြူးနစ်ဆီ ကနဦးအငှားချထားတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် ယူရို ၁၃ သန်းတို့ဖြင့် ရောင်းချရာမှ စုစုပေါင်း ယူရို ၁၂၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရီးယဲလ်အသင်းဟာ နွေရာသီအသုံးစရိတ်မှာ ယူရို ၄၆.၅ သန်းသာရှိခဲ့တာကြောင့် အသားတင်အမြတ်ငွေအဖြစ် ယူရို ၇၆.၅သန်းအထိ ရှိခဲ့ပါတယ်။

ရီယဲလ်ဟာ အသင်းနည်းပြအဖြစ် ဇီဒန်းကို ခန့်အပ်ခဲ့ပြီးနောက် ၎င်းဟာ အရင်နည်းပြများ လက်ထက်ကလို ကစားသမား ခေါ်ယူမှုအတွက် ငွေကြေးများစွာ အသုံးမပြုခဲ့တဲ့အပြင် ပြိုင်ဘက်ဥရောပအသင်းကြီးများက အသုံးစရိတ်များစွာ ကုန်ကျနေချိန်မှာ သူဟာ စပိန်ကစားသမားများနှင့် လူငယ်ကစားသမားများဖြင့် အသင်းကို ရည်ရှည် တည်ဆောင်ဖို့ ပိုမိုမြှုပ်နှံခဲ့ပါတယ်။

ဆက်စပ်သတင်း - (၅)နှစ်အတွင်း ယူရို (၁၄၂.၈)သန်းအထိ အကျိုးအမြတ်ရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ် အကယ်ဒမီ

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required