မန်ယူကစားသမားဘဝ နောက်ဆုံးရာသီဖြစ်လာနိုင်ဟု ကာရစ်ဝန်ခံ

မန်ယူကစားသမားဘဝ နောက်ဆုံးရာသီဖြစ်လာနိုင်ဟု ကာရစ်ဝန်ခံ

နိုဝင်ဘာ ၁၆၊ မန်ချက်စတာ။         ။ လက်ရှိဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးရာသီဖြစ်လာနိုင်သည်ဟု ကာရစ်က ဝန်ခံ လိုက်သည်။

အသက် ၃၅ နှစ်အရွယ် ကာရစ်သည် ပေါ့ဂ်ဘာနှင့်တွဲဖက်ပြီးကစားခွင့်ရသည့် လေးပွဲတွင် မန်ယူအသင်း လေးပွဲစလုံး အနိုင်ရခဲ့ သည်။

နည်းပြမော်ရင်ဟိုသည် ဟာရဲရားနှင့် ဖယ်လိုင်နီတို့ကိုသာ ပိုမိုအသုံးပြုလေ့ရှိသော်လည်း စနေနေ့တွင် အာဆင်နယ်နှင့် ကစားမည့်ပွဲ၌ ကာရစ်-ပေါ့ဂ်ဘာအတွဲကို ပွဲထုတ်မည်ဟု မျှော်လင့်ရသည်။

လာမည့်ဇွန်လတွင် စာချုပ်သက်တမ်းကုန်မည့်ကာရစ်က ၎င်း၏ အနာဂါတ်မှာ အိုးထရက်ဖို့ဒ်တွင် ဆက်ရှိဖွယ်မရှိဟု ပြောသည်။

“ဒီနေရာမှာ အခွင့်အရေးက အမြဲမရှိနိုင်တော့ဘူး။ ကျွန်တော် ၃၅ နှစ်ရှိနေပြီဖြစ်ပြီး အခြေအနေအမှန်ကို သိဖို့လိုပါတယ်။ ဒီအသင်းဟာ ထိပ်သီးကစားသမားတွေနဲ့ ထိပ်တန်းကလပ်တစ်ခုပါ။ ဒီရာသီမှာ ဆက်ရှိနေခွင့်ရတာကိုပဲ ကျေးဇူးတင်စရာပါ။

နောက်လတွေမှာ ပွဲများများကစားခွင့်ရဖို့နဲ့ ဆုဖလားတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုဖလားတွေရချင် လို့ ကျွန်တော်တို့ ဒီမှာကစားနေကြတာဖြစ်လို့ပါ”ဟု ကာရစ်က ပြောသည်။

ကာရစ်သည် ယူနိုက်တက်တွင် ဆယ်စုနှစ်တစ်ခုကြာ ပွဲပေါင်း ၃၀၀ နီးပါးကစားထားပြီး ပရိသတ်အထူးနှစ်သက်အားပေးသည့် ကစားသမားအဖြစ် ရှိနေဆဲဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required