အမျိုးသမီးအသင်းအပေါ် အာရုံစိုက်မှု တိုးမြှင့်မယ့် Adidas နဲ့ မန်ယူတို့ရဲ့ စာချုပ်သစ်

အမျိုးသမီးအသင်းအပေါ် အာရုံစိုက်မှု တိုးမြှင့်မယ့် Adidas နဲ့ မန်ယူတို့ရဲ့ စာချုပ်သစ်

မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ဟာ ဂျာမန်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီး Adidas နဲ့ အနည်းဆုံး ပေါင် သန်း ၉၀၀ (ဒေါ်လာ ၁.၁၅ ဘီလီယံ) တန်ကြေးရှိတဲ့ ၁၀ နှစ်စာချုပ်သစ်ကို တနင်္လာနေ့မှာ လက်မှတ်ရေးထိုးလိုက်တယ်လို့ ပြောကြောင်း BBC အရ သိရပါတယ်။

နှစ်ဦးနှစ်ဖက်ဟာ ၂၀၁၅-၁၆ ရာသီကတည်းက လက်တွဲခဲ့ကြပြီး ၂၃ နှစ်ကြာ ရပ်နားထားပြီးတဲ့နောက် ပြန်လည်ပေါင်းစည်းခဲ့ကြကာ စာချုပ်သစ်ဟာ "မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်း"အပေါ် အဓိက အာရုံစိုက်သွားမှာဖြစ်တယ်လို့ နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

"၂၀၁၈ မှာ ပြန်လည်မိတ်ဆက်ပြီးနောက်ပိုင်း စာချုပ်သစ်က မန်ချက်စတာယူနိုက်တက်အမျိုးသမီးအသင်းအပေါ်  အာရုံစိုက်မှု တိုးမြှင့်လာစေပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲကို ရှေ့ဆက်ဖို့ မန်ချက်စတာယူနိုက်တက်နဲ့ adidas တို့ရဲ့ ကတိကဝတ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ ယူနိုက်တက်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။

ယူနိုက်တက်ဟာ စာချုပ်သစ်အတွက် ကိန်းဂဏန်းကို မဖော်ပြထားပေမယ့် အနည်းဆုံး ပေါင် သန်း ၉၀၀ တန်ကြေးရှိတယ်လို့ BBC က ဆိုပါတယ်။

နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် မရပါက နှစ်စဉ်ပေးချေမှုတွေကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့လည်း BBC က ဖော်ပြပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်မှာ ကစားမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required